YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:8-12

ရှင်ယာကုပ် 2:8-12 Judson Bible (JBMLE)

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။- သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။- သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။- လွှတ်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့​သော​သူ​ကဲ့​သို့၊ စ​ကား​ပြော​ခြင်း၊ အ​မှု​ပြု​ခြင်း​ကို စီ​ရင်​ကြ​လော့။

ရှင်ယာကုပ် 2:8-12 Common Language Bible (BCL)

သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။- သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။- ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​လွတ်​မြောက်​ခြင်း​ဆိုင် ရာ​တ​ရား​တော်​အ​ရ​တ​ရား​စီ​ရင်​ခြင်း​ခံ ရ​ကြ​မည့်​သူ​တို့​ကဲ့​သို့​ပြော​ဆို​ကျင့်​ကြံ ကြ​လော့။

ရှင်ယာကုပ် 2:8-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။ သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။ အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။ အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။ ထို့ကြောင့် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​တရား​တော်​အားဖြင့် စီရင်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ပြောဆို​ကျင့်ကြံ​ကြ​လော့။