YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:1-26

ရှင်ယာကုပ် 2:1-26 Judson Bible (JBMLE)

ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။- ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။- ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။- သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။- သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။- သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။- သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။- လွှတ်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့​သော​သူ​ကဲ့​သို့၊ စ​ကား​ပြော​ခြင်း၊ အ​မှု​ပြု​ခြင်း​ကို စီ​ရင်​ကြ​လော့။- က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။ ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ယုံ​ကြည်​ခြင်း​ရှိ၏​ဟု ပြော​လျက်၊ အ​ကျင့်​ကို မ​ကျင့်​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် ထို​သူ​ကို ကယ်​တင်​နိုင်​သ​လော။- ညီ​အစ်​ကို​နှ​မ​တို့​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ နေ့​တိုင်း စား​ရ​သော​အ​စာ​မ​ရှိ​သော​အ​ခါ၊- သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ နွေး​ကြ​လော့။ ဝ​ကြ​လော့​ဟု ပြော​လျက်၊ သူ​တို့​ကိုယ်​နှင့်​တော်​လျော်​သော အ​သုံး​အ​ဆောင်​ကို မ​ပေး​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။- ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။- တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။- ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။ လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။- ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။- အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။- လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်။ အ​ကျင့်​အား​ဖြင့် ရောက်​သည်​ကို သင်​တို့​သိ​မြင်​ရ​ကြ၏။- ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။

ရှင်ယာကုပ် 2:1-26 Common Language Bible (BCL)

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။- အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။- သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊- အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။ ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။- သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။- သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။- ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​လွတ်​မြောက်​ခြင်း​ဆိုင် ရာ​တ​ရား​တော်​အ​ရ​တ​ရား​စီ​ရင်​ခြင်း​ခံ ရ​ကြ​မည့်​သူ​တို့​ကဲ့​သို့​ပြော​ဆို​ကျင့်​ကြံ ကြ​လော့။- ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။ ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။- ညီ​အစ်​ကို​မောင်​နှ​မ​တို့​သည်​ဝတ်​ရေး​စား ရေး​ချို့​တဲ့​ဆင်း​ရဲ​သောအ​ခါ၊- သင်​တို့​က``သင်​တို့​ကို​ဘု​ရား​သ​ခင်​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ။ နွေး​နွေး​နေ​ကြ​လော့။ ဝ​စွာ စား​ကြ​လော့'' ဟု​ဆို​လျက်​သူ​တို့​လို​အပ်​သည့် အ​သုံး​အ​ဆောင်​ကို​မ​ပေး​ဘဲ​နေ​ပါ​မူ အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။- ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။- ဘု​ရား​တစ်​ဆူ​တည်း​သာ​ရှိ​သည်​ကို​ယုံ​ကြည် ၏။ ကောင်း​ပေ​၏။ နတ်​မိစ္ဆာ​များ​ပင်​လျှင်​ထို​သို့ ယုံ​ကြည်​၍​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။- အ​ချင်း​လူ​မိုက်၊ အ​ကျင့်​နှင့်​ကင်း​သည့်​ယုံ ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​သိ လို​သ​လော။- ငါ​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​သည် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​အ​ဘယ် သို့​ရ​ရှိ​သ​နည်း။ သူ​သည်​မိ​မိ​သား​ဣ​ဇာက် ကို ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ခြင်း​တည်း ဟူ​သော​အ​ကျင့်​အား​ဖြင့်​ရ​ရှိ​ပေ​သည်။- သူ​၏​ယုံ​ကြည်​ခြင်း​သည်​အ​ကျင့်​နှင့်​ဒွန်​တွဲ လျက်​နေ​သည်​ကို သင်​မ​သိ​မ​မြင်​သ​လော။ အ​ကျင့်​အား​ဖြင့်​သူ​၏​ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စုံ​လင်​၍​လာ​၏။- သို့​ဖြစ်​၍``အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​၏။ သူ​၏​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ် လက်​ခံ​တော်​မူ​သည်'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​ကန်​၍​လာ​၏။ ထို့​ကြောင့်​အာ​ဗြ​ဟံ သည် ဘု​ရား​သ​ခင်​၏​အ​ဆွေ​ဟု​ခေါ်​ဝေါ် ခြင်း​ကို​ခံ​ရ​၏။- သို့​ဖြစ်​၍​လူ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် သာ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​မှု​ကို​ရ​ရှိ​နိုင်​ကြောင်း​သင်​တို့​သိ ကြ​၏။ ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။ ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။

ရှင်ယာကုပ် 2:1-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင် သင်​တို့​သည် အချင်းချင်း​ကြား​၌ လူတန်းစား​ခွဲခြား​၍ မကောင်း​သော​တွေးတော​ကြံစည်​မှု​တို့​ဖြင့် တရား​စီရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။ ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။ သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။ အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။ အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။ ထို့ကြောင့် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​တရား​တော်​အားဖြင့် စီရင်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ပြောဆို​ကျင့်ကြံ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။ ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။ ညီအစ်ကို​၊ သို့မဟုတ် ညီအစ်မ​သည် အဝတ်မပါ​အချည်းစည်း​နေ​လျက် နေ့စဉ်​လိုအပ်​သော​အစားအစာ​လည်း မ​ရှိ​သောအခါ သင်​တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ​သွား​ကြ​လော့။ နွေးထွေး​စွာ​နေ​၍ ဝလင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်ခန္ဓာ​အတွက် လိုအပ်​သော​အရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ ထိုနည်းတူ ယုံကြည်​ခြင်း​သည်​လည်း လုပ်ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်သက်​သာ​ဆို​လျှင် အသေ​ဖြစ်​၏။ သို့သော် “သင်​၌​ယုံကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်ဆောင်​မှု​ရှိ​သည်”​ဟု အချို့​သော​သူ​က ပြောဆို​လိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်​မှု​ကင်း​သော သင်​၏​ယုံကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ​၏​ယုံကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။ ဘုရားသခင်​တစ်ဆူတည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံကြည်​၏။ ကောင်း​ပေ​၏။ နတ်ဆိုး​တို့​ပင် ယုံကြည်​၍ ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ အို လူမိုက်၊ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည် အကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သလော။ ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ ယုံကြည်​ခြင်း​သည် သူ​၏​လုပ်ဆောင်​မှု​နှင့်အတူ​အမှုပြု​၍ ထို​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​ခြင်း​သည် စုံလင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိမြင်​ရ​၏။ ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။ လူ​သည် ယုံကြည်​ခြင်း​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​သိမြင်​ရ​ကြ​၏။ ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။