YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:19-27

ရှင်ယာကုပ် 1:19-27 Judson Bible (JBMLE)

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။- လူ၏​ဒေါ​သ​အ​မျက်​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ပြု​စု​တတ်။- ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။- ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။- တ​ရား​ကို​မ​ကျင့်​ဘဲ နာ​ရုံ​မျှ​သာ ပြု​သော​သူ​မည်​သည်​ကား၊ မှန်၌ မိ​မိ​ပ​က​တိ​မျက်​နှာ​ကို ကြည့်​သော​သူ​နှင့်​တူ၏။- အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ်​ကြည့်​ပြီး​မှ၊ အ​ခြား​သို့​သွား၍ မိ​မိ​အ​ဆင်း​သ​ဏ္ဌာန်​ကို ချက်​ချင်း မေ့​လျော့​တတ်၏။- လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။ သင်​တို့​တွင် အ​ကြင်​သူ​သည် သီ​လ​ဆောက်​တည် ဟန်​ပြု​သော်​လည်း၊ မိ​မိ​နှုတ်​ကို မ​ချုပ်​တည်း၊ မိ​မိ​နှ​လုံး​ကို လှည့်​ဖြား၏။ ထို​သူ၏ သီ​လ​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။- ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

ရှင်ယာကုပ် 1:19-27 Common Language Bible (BCL)

ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။- လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။- သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။ တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။- တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။- သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။- သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။ လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။- ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။

ရှင်ယာကုပ် 1:19-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။ အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။ ထို့ကြောင့် ညစ်ညူး​ခြင်း​ရှိသမျှ​နှင့် ပြည့်လျှံ​ကဲလွန်​သော​မကောင်းမှု​တို့​ကို ဖယ်ရှား​၍ သင်​တို့​အထဲ၌ ထည့်သွင်း​ထား​သော​နှုတ်ကပတ်တော်​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့်​ခံယူ​ကြ​လော့။ ထို​နှုတ်ကပတ်တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​ကို ကယ်တင်​နိုင်​၏။ နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။ မည်သူမဆို နှုတ်ကပတ်တော်​ကို ကြားနာ​သော်လည်း လိုက်နာ​ကျင့်သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​၏​ပကတိ​မျက်နှာ​ကို မှန်​ထဲ၌​ကြည့်​သော​သူ​နှင့်​တူ​၏။ အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​ကြည့်​ပြီး ထွက်ခွာ​သွား​သည်​နှင့် မိမိ​သည် မည်သည့်​ပုံသဏ္ဌာန်​ရှိ​သည်​ကို ချက်ချင်း​မေ့လျော့​သွား​တတ်​၏။ သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။ တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်မှတ်​သော်လည်း မိမိ​လျှာ​ကို​မ​ချုပ်တည်း​ဘဲ မိမိ​စိတ်နှလုံး​ကို​လှည့်ဖြား​လျှင် ထို​သူ​၏​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် အချည်းနှီး​ဖြစ်​၏။ ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။