YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 9:8-21

ဟေရှာယ 9:8-21 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​ကို ယာ​ကုပ်​အ​မျိုး​သို့​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ၏။ အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။ သ​ဖန်း​ပင်​များ​ကို ခုတ်​လှဲ​သော်​လည်း၊ သူ​တို့​အ​ရာ၌ အာ​ရဇ်​ပင်​များ​ကို စိုက်​ထား​မည်​ဟု မာ​န​ကြီး​မား​ထောင်​လွှား​သော ရှ​မာ​ရိ​မြို့​သား​မှ​စ၍ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​သူ​တို့​တစ်​ဖက်၌ ရေ​ဇိန်​မင်း၏​ရန်​သူ​တို့​ကို ချီး​မြှောက်၍၊ ဧ​ဖ​ရိမ်​အ​မျိုး၏​ရန်​သူ​တို့​ကို ထ​စေ​တော်​မူ​သ​ဖြင့်၊ ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​မှ ဦး​ခေါင်း​နှင့် အ​မြီး​ကို​လည်း​ကောင်း၊ စွန်​ပ​လွံ​လက်​နှင့် ကိုင်း​ပင်​ကို​လည်း​ကောင်း တစ်​နေ့​ချင်း​တွင် ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။ ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။ ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။ လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။ မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ဟေရှာယ 9:8-21 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး များ​အ​ပေါ်​နှင့် ဣ​သ​ရေ​လ​ပြည်​အ​ပေါ်​၌ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လေ​ပြီ။- ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊- ``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။- အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။- ထာ​ဝ​ရ​ဘု​ရား​သည်​တစ်​နေ့​တည်း​တွင်​ဣ​သ ရေ​လ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​ခေါင်း​ပိုင်း၊ အ​မြီး​ပိုင်း​တို့​ကို​တစ်​နေ့ တည်း​အ​တွင်း​ဖြတ်​တောက်​ပစ်​တော်​မူ​လိမ့်​မည်။- ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။- ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။ လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။- အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။- နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊- မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။

ဟေရှာယ 9:8-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​သည် နှုတ်ကပတ်တော်​ကို ယာကုပ်​ထံသို့ စေလွှတ်​တော်မူ​မည်​။ အစ္စရေး​လူမျိုး​အပေါ်​သို့ သက်ရောက်​စေ​တော်မူ​မည်​။ ဧဖရိမ်​အမျိုး​နှင့် ရှမာရိ​မြို့​၌​နေထိုင်​သော​လူ​အပေါင်း​တို့​သည် ကြားသိ​ကြ​လိမ့်မည်​။ သူ​တို့​သည် ခက်ထန်​မောက်မာ​သော​စိတ်​ဖြင့် “​အုတ်​များ​ပြိုလဲ​လျှင်လည်း ထုဆစ်​ထား​သော​ကျောက်​နှင့် ပြန်တည်ဆောက်​မည်​။ သင်္ဘောသဖန်းပင်​များ​ခုတ်လှဲ​ခံရ​လျှင်လည်း သစ်ကတိုးပင်​များ​နှင့် အစားထိုး​မည်​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ရေဇိန်​မင်းကြီး​၏​ရန်ဖက်​တို့​ကို​ချီးမြှောက်​တော်မူ​မည်​။ သူ​၏​ရန်သူ​တို့​ကို လှုံ့ဆော်​တော်မူ​မည်​။ အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ သို့သော် လူမျိုး​တော်​သည် မိမိ​အား ဒဏ်ခတ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​မ​လာ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို မ​ရှာ​။ ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ ဦးခေါင်း​နှင့်​အမြီး​ကို​လည်းကောင်း​၊ စွန်ပလွံ​အကိုင်းအခက်​နှင့်​ကျူပင်​ကို​လည်းကောင်း တစ်နေ့တည်း​တွင် ခုတ်ပစ်​တော်မူ​မည်​။ ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။ လမ်းပြ​ပေး​သော​ထို​သူ​တို့​သည် လူမျိုး​တော်​ကို​လမ်းလွဲ​စေ​သော​သူ​များ​ပေတည်း​။ သူ​တို့​လမ်းပြ​ရာ​နောက်သို့​လိုက်​သော​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​လိမ့်မည်​။ သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ အကယ်စင်စစ် ဆိုးယုတ်မှု​သည် မီး​ကဲ့သို့​လောင်ကျွမ်း​တတ်​၏​။ ချုံပင်​၊ ဆူးပင်​များ​ကို​လောင်မြိုက်​လျက်​၊ တောအုပ်​ကို​စွဲလောင်​လျက် အခိုး​တလူလူ​တက်​စေ​တတ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ပြည်​သည် မီးသင့်​၍ လူ​တို့​သည် လောင်စာ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ မည်သူမျှ မိမိ​ညီအစ်ကို​ကို မ​သနား​။ လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။ မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။