YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 66:22-24

ဟေရှာယ 66:22-24 Judson Bible (JBMLE)

ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ ကိုး​ကွယ်​ခြင်း​ငှာ လ​ဆန်း​နေ့​နှင့် ဥ​ပုသ်​နေ့ အ​စဉ်​အ​တိုင်း​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဟေရှာယ 66:22-24 Common Language Bible (BCL)

``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။ ``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။- ``ထို​သူ​တို့​သည်​မိ​မိ​တို့​ပြည်​များ​သို့​ပြန် ကြ​သော​အ​ခါ​ငါ့​ကို​ပုန်​ကန်​သူ​တို့​၏ အ​လောင်း​များ​ကို​တွေ့​မြင်​ကြ​လိမ့်​မည်။ ထို​အ​လောင်း​များ​ကို​ဖျက်​ဆီး​သည့်​လောက် ကောင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သေ​ကြ လိမ့်​မည်​မ​ဟုတ်။ အ​လောင်း​တို့​ကို​လောင် လျက်​နေ​သော​မီး​သည်​လည်း​အ​ဘယ်​အ​ခါ ၌​မျှ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့ သည်​ထို​အ​ချင်း​အ​ရာ​ကို​မြင်​၍​စက်​ဆုတ် ရွံ​ရှာ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ဟေရှာယ 66:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။ သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​သော​လူ​တို့​၏​အလောင်းကောင်​များ​ကို ထွက်​ကြည့်​ကြ​လိမ့်မည်​။ ထို​အလောင်းကောင်​တို့​ကို​စား​သော​လောက်ကောင်​သည် မ​သေ​၊ လောင်​သော​မီး​လည်း မ​ငြိမ်း​။ လူ​ခပ်သိမ်း​တို့​အတွက် စက်ဆုပ်ဖွယ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။