YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 66:22-24

ဟေရှာယ 66:22-24 JBMLE

ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ ကိုး​ကွယ်​ခြင်း​ငှာ လ​ဆန်း​နေ့​နှင့် ဥ​ပုသ်​နေ့ အ​စဉ်​အ​တိုင်း​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။