YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 6:1-7

ဟေရှာယ 6:1-7 Judson Bible (JBMLE)

ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။ ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။ သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။ ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။ ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​သ​ရပ်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ပေါ်​က မီး​ညှပ်​ဖြင့်​ယူ​သော မီး​ခဲ​တစ်​ခဲ​ကို လက်​နှင့်​ကိုင်​လျက်၊ ငါ​ရှိ​ရာ​သို့​ပျံ​လာ၍၊ ငါ့​နှုတ်​ကို​တို့​ပြီး​လျှင်၊ ဤ​မီး​ခဲ​သည် သင်၏​နှုတ်​ခမ်း​ကို​တွေ့​ပြီ။ သင်၏​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ဆို၏။

ဟေရှာယ 6:1-7 Common Language Bible (BCL)

သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။- ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။- သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။ ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။ ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။- သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။

ဟေရှာယ 6:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။ သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။ ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​”​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။ ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။ ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။ ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။ ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။