YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 6:1-7

ဟေရှာယအနာဂတ္တိကျမ်း 6:1-7 MSBU

ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။ သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။ ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​”​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။ ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။ ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။ ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။ ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။