YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58:9-12

ဟေရှာယ 58:9-12 Judson Bible (JBMLE)

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊ မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဟေရှာယ 58:9-12 Common Language Bible (BCL)

သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊- ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။- ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။- သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေရှာယ 58:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​ခေါ်​သောအခါ ထာဝရဘုရား ထူး​တော်မူ​မည်​။ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ “​ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​မည်​။ သင်​သည် သူတစ်ပါး​ကို​လက်ညှိုးထိုး​ခြင်း​၊ ယုတ်ညံ့​သော​စကား​ပြောဆို​ခြင်း​ဟူသော သင့်​တွင်​ရှိ​သော​ထမ်းပိုး​ကို ဖယ်ရှား​၍ ဆာလောင်မွတ်သိပ်​သော​သူ​အား စိတ်စေတနာ​ဖြင့်​ကျွေးမွေး​၍ နှိပ်စက်​ခြင်း​ခံရ​သော​သူ​၏​အလို​ကို ပြည့်စုံ​စေ​လျှင် သင်​၏​အလင်း​သည် အမှောင်​ထဲ၌ ထွန်းလင်း​မည်​။ သင်​၏​မှောင်မိုက်​သည် မွန်းတည့်​အလင်း​ကဲ့သို့​ဖြစ်​မည်​။ ထာဝရဘုရား​သည် သင့်​ကို အစဉ်​လမ်းပြ​တော်မူ​မည်​။ ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌ သင့်​ကို​ဝပြော​စေ​လျက် သင်​၏​အရိုး​တို့​ကို သန်မာ​စေ​တော်မူ​မည်​။ သင်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​၊ ရေ​မ​ပြတ်​သော​စမ်းရေတွင်း​ကဲ့သို့ ဖြစ်​မည်​။ သင့်​လူမျိုး​တို့​သည် ရှေး​အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​မည်​။ ခေတ်ကာလ​အဆက်ဆက်​မှ ပျက်စီး​ခဲ့​သော​အုတ်မြစ်​တို့​ကို ပြန်ချ​မည်​။ သင့်​ကို​လည်း ပြိုပျက်​သော​မြို့ရိုး​ကို​ပြန်တည်ဆောက်​သူ​၊ လူ​နေ​လမ်း​များ​ကို​ပြန်​ပြုပြင်​သူ​ဟု ခေါ်ဆို​ကြ​မည်​။