YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 58:9-12

ဟေရှာယအနာဂတ္တိကျမ်း 58:9-12 MSBU

သင်​ခေါ်​သောအခါ ထာဝရဘုရား ထူး​တော်မူ​မည်​။ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ “​ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​မည်​။ သင်​သည် သူတစ်ပါး​ကို​လက်ညှိုးထိုး​ခြင်း​၊ ယုတ်ညံ့​သော​စကား​ပြောဆို​ခြင်း​ဟူသော သင့်​တွင်​ရှိ​သော​ထမ်းပိုး​ကို ဖယ်ရှား​၍ ဆာလောင်မွတ်သိပ်​သော​သူ​အား စိတ်စေတနာ​ဖြင့်​ကျွေးမွေး​၍ နှိပ်စက်​ခြင်း​ခံရ​သော​သူ​၏​အလို​ကို ပြည့်စုံ​စေ​လျှင် သင်​၏​အလင်း​သည် အမှောင်​ထဲ၌ ထွန်းလင်း​မည်​။ သင်​၏​မှောင်မိုက်​သည် မွန်းတည့်​အလင်း​ကဲ့သို့​ဖြစ်​မည်​။ ထာဝရဘုရား​သည် သင့်​ကို အစဉ်​လမ်းပြ​တော်မူ​မည်​။ ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌ သင့်​ကို​ဝပြော​စေ​လျက် သင်​၏​အရိုး​တို့​ကို သန်မာ​စေ​တော်မူ​မည်​။ သင်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​၊ ရေ​မ​ပြတ်​သော​စမ်းရေတွင်း​ကဲ့သို့ ဖြစ်​မည်​။ သင့်​လူမျိုး​တို့​သည် ရှေး​အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​မည်​။ ခေတ်ကာလ​အဆက်ဆက်​မှ ပျက်စီး​ခဲ့​သော​အုတ်မြစ်​တို့​ကို ပြန်ချ​မည်​။ သင့်​ကို​လည်း ပြိုပျက်​သော​မြို့ရိုး​ကို​ပြန်တည်ဆောက်​သူ​၊ လူ​နေ​လမ်း​များ​ကို​ပြန်​ပြုပြင်​သူ​ဟု ခေါ်ဆို​ကြ​မည်​။