YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 52:13-15

ဟေရှာယ 52:13-15 Judson Bible (JBMLE)

ကြည့်​ရှု​လော့။ ငါ့​ကျွန်​သည် အ​မှု​ဆောင်၍ အောင်​လိမ့်​မည်။ ချီး​မြှောက်​ချီး​မြှင့်​ခြင်း​သို့ ရောက်၍၊ အထွတ်​အ​မြတ် ဖြစ်​လိမ့်​မည်။ သူ​သည် လူ​မ​ဟုတ်​သ​ကဲ့​သို့ မျက်​နှာ​ပျက်​ခြင်း၊ လူ​သား​မ​ဟုတ်​သ​ကဲ့​သို့ အ​ဆင်း​အ​သ​ရေ​ပျက်​ခြင်း ရှိ​သည်​ကို၊ အ​များ​သော​သူ​တို့​သည် အံ့​ဩ​မိန်း​မော​ကြ​သည်​ဖြစ်၍၊ ထို​အ​တူ သူ​သည် အ​များ​သော​လူ​မျိုး​တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှေ့​တော်၌ ရှင်​ဘု​ရင်​တို့​သည် မိ​မိ​တို့​နှုတ်​ကို​ပိတ်၍ နေ​ရ​ကြ​လိမ့်​မည်။ သူ​တစ်​ပါး မ​ပြ​ဖူး​သော​အ​ရာ​ကို သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​အ​ရာ​ကို​လည်း နား​လည်​ကြ​လိမ့်​မည်။

ဟေရှာယ 52:13-15 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​သည်​မိ​မိ​ပြု​သော​အ​မှု​တွင် ပ​ညာ​ရှိ​စွာ​ပြု​မူ​လိမ့်​မည်။ သူ​သည်​ချီး​မြှောက်​ခြင်း​ခံ​ရ​၍​ကြီး​မြတ်​သော ဂုဏ်​အ​သ​ရေ​ရှိ​လိမ့်​မည်။ လူ​အ​များ​ပင်​သူ့​ကို​တွေ့​မြင်​သော​အ​ခါ လိပ်​ပြာ​လန့်​၍​သွား​ကြ​၏။ သူ​သည်​လွန်​စွာ​ရုပ်​ပျက်​ဆင်း​ပျက်​ဖြစ်​၍​နေ သ​ဖြင့် လူ​နှင့်​ပင်​မ​တူ​တော့။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သူ​သည်​လူ​မျိုး​တ​ကာ တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှင်​ဘု​ရင်​များ​သည်​လည်း​မိန်း​မော​တွေ​ဝေ​၍ နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​သိ​မ​မြင်​ဘူး​သော​အ​ရာ မ​ကြား​ဘူး​သော​အ​ရာ​တို့​ကို​တွေ့​မြင်​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေရှာယ 52:13-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကြည့်ရှု​လော့​။ ငါ့​အစေအပါး​သည် ပညာသတိ​ရှိ​စွာ​လုပ်ဆောင်​မည်​။ သူ​သည် ချီးမြှင့်​မြှောက်စား​ခြင်း​ခံရ​၍ အထွတ်အမြတ်​ဖြစ်​မည်​။ သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။ သူ​သည် လူမျိုး​များစွာ​တို့​ကို သန့်ရှင်း​စေ​မည်​။ ရှင်ဘုရင်​တို့​သည် သူ့​ကြောင့် နှုတ်​ပိတ်​လျက်​နေ​မည်​။ အကြောင်းမူကား သူ​တို့​အား မ​ပြောပြ​ဖူး​သော​အရာ​ကို သူ​တို့​သိမြင်​ကြ​လိမ့်မည်​။ သူ​တို့​မ​ကြား​ဖူး​သော​အရာ​ကို​လည်း သူ​တို့​နားလည်​ကြ​လိမ့်မည်​။