YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 5:8-12

ဟေရှာယ 5:8-12 Judson Bible (JBMLE)

မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ၏​နား​အ​ပါး၌ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ကြီး​ကျယ်​တင့်​တယ်​သော အိမ်​အ​များ​တို့​သည် နေ​သော​သူ​မ​ရှိ။ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။ သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။

ဟေရှာယ 5:8-12 Common Language Bible (BCL)

သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။- အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။- ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။'' သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။- သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။

ဟေရှာယ 5:8-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နေရာလပ်​မ​ရှိ​တော့​သည်​အထိ အိမ်​တစ်​အိမ်​နှင့်​တစ်​အိမ်​ကပ်နေအောင်​၊ လယ်​တစ်​ကွက်​နှင့်​တစ်​ကွက်​ဆက်နေအောင် ပြု​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​မြေ​အလယ်​၌ သင်တစ်ဦးတည်း နေထိုင်​ရ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။ စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ်​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ​သည် တစ်​ဧဖာ​သာ​ထွက်​မည်​။ နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။