YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 48:16-17

ဟေရှာယ 48:16-17 Common Language Bible (BCL)

``ယ​ခု​ငါ​၏​အ​နီး​သို့​ချဉ်း​ကပ်​၍​ငါ​ပြော​ဆို သည်​ကို နား​ထောင်​ကြ​လော့။ အ​စ​အ​ဦး​က​ပင်​လျှင်​ငါ​သည်​သင်​တို့​အား ပွင့်​လင်း​စွာ​ဖော်​ပြ​ခဲ့​၏။ ထို​အ​ဖြစ်​အ​ပျက်​စ​၍​ဖြစ်​စဉ်​က​ပင် ငါ​ရှိ​ခဲ့​၏ ဟု​မိန့်​တော်​မူ​၏။ (ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ငါ့ အား​တန်​ခိုး​တော်​ကို​ပေး​၍​စေ​လွှတ်​တော်​မူ ပြီ။) ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊ သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

ဟေရှာယ 48:16-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။