YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 44:1-5

ဟေရှာယ 44:1-5 Judson Bible (JBMLE)

ယ​ခု​မူ​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ဣ​သ​ရေ​လ၊ နား​ထောင်​လော့။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား၊ ဖွား​စ​က​ပင် သင့်​ကို​ပြု​ပြင်၍၊ နောင်၌​လည်း မ​စ​လ​တ္တံ့​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ယေ​ရှု​ရုန်၊ မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။ သူ​တို့​သည်​လည်း ရေ​မြောင်း​အ​နား​မှာ မိုး​မ​ခ​ပင်​ကဲ့​သို့၊ မြက်​ပင်​ထဲ​တွင် ပေါက်​ကြ​လိမ့်​မည်။ တစ်​ယောက်​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ဟု ဆို​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ယာ​ကုပ်​အ​မည်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဟူ၍ မိ​မိ​လက်​တွင် စာ​တန်း​ထိုး​လျက်၊ ဣ​သ​ရေ​လ​အ​မည်​သစ်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။

ဟေရှာယ 44:1-5 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်၊ ယာ​ကုပ်​၏ သား​မြေး​တို့၊ယ​ခု​နား​ထောင်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ငါ​သည် သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ။ မ​ကြောက်​ကြ​နှင့်၊ သင်​တို့​သည် ငါ​၏​အ​စေ​ခံ၊ ငါ​ချစ်​မြတ်​နိုး​၍​ရွေး​ချယ်​ထား​သည့် လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။ သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။ ``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

ဟေရှာယ 44:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အစေအပါး​ယာကုပ်​၊ ငါ​ရွေးချယ်​သော​အစ္စရေး​၊ ယခု နားထောင်​လော့​။ သင့်​ကို​ဖန်ဆင်း​သော​အရှင်​၊ သင့်​ကို ဝမ်း​ထဲကပင်​ပုံဖော်ဖန်ဆင်း​တော်မူ​၍ သင့်​ကို​ကူညီမစ​သော​ထာဝရဘုရား​က “​ငါ့​အစေအပါး ယာကုပ်​၊ ငါ​ရွေးချယ်​သော​ယေရှုရုန်​၊ မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် ရေငတ်​နေ​သော​ပြည်​အပေါ် ရေ​ကို​သွန်းလောင်း​မည်​။ ခြောက်သွေ့​သော​မြေ​ပေါ်တွင် စမ်းရေ​စီး​စေ​မည်​။ သင်​၏​သားစဉ်မြေးဆက်​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သင်​၏​သားမြေး​တို့​အပေါ် ငါ့​ကောင်းချီးမင်္ဂလာ​ကို သွန်းလောင်း​မည်​။ သူ​တို့​သည် ချောင်း​ဘေး​ရှိ မိုးမခပင်​ကဲ့သို့ မြက်ပင်​ကြား​တွင် ပေါက်​ကြ​လိမ့်မည်​။ တစ်​ယောက်​က ‘​ငါ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု ဆို​လိမ့်မည်​။ တစ်​ယောက်​က​လည်း မိမိ​အမည်​ကို ယာကုပ်​ဟု မှည့်ခေါ်​လိမ့်မည်​။ တစ်​ယောက်​က​လည်း ‘​ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု မိမိ​လက်​တွင်​ရေး​ထား​လျက် အစ္စရေး​အမည်​ကို ခံယူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။