YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42:5-8

ဟေရှာယ 42:5-8 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊ ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။ သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။ ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။

ဟေရှာယ 42:5-8 Judson Bible (JBMLE)

မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊ လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။

ဟေရှာယ 42:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။ သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။