YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42

42
ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ
1ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။#မ၊ ၃:၁၇၊ ၁၇:၅။ မာ၊ ၁:၁၁။ လု၊ ၃:၂၂၊ ၉:၃၅။ 2အော်​ဟစ်​ခြင်း၊ ကြွေး​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။ 3နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို မ​ချိုး။ အ​တောက်​သေး​သော မီး​စာ​ကို မ​သတ်။ တ​ရား​သည် မြဲ​မြံ​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။ 4မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။#မ၊ ၁၂:၁၈-၂၁။
5မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊#တ၊ ၁၇:၂၄-၂၅။ 6ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊#ဟေ​ရှာ၊ ၄၉:၆။ လု၊ ၂:၃၂။ တ၊ ၁၃:၄၇၊ ၂၆:၂၃။ 7လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။ 8ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။ 9အ​ရင်​ဟော​သော အ​ရာ​တို့​သည်​ဖြစ်​ကြ​ပြီ။ အ​သစ်​သော​အ​ရာ​တို့​ကို ယ​ခု ငါ​ဟော၏။ မ​ပေါ်​လာ​မီ သင်​တို့​အား ငါ​ပြ​နှင့်၏။
ထော​မ​နာ​သီ​ချင်း
10ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ 11တော​နှင့်​တ​ကွ တော၌​ရှိ​သော​မြို့​ရွာ၊ ကေ​ဒါ​အ​ရပ်​သား​တို့​သည် ကြွေး​ကြော်​ကြ​စေ။ ကျောက်၌​နေ​သော သူ​တို့​သည် သီ​ချင်း​ဆို​ကြ​စေ။ တောင်​ထိပ်​ပေါ်​က ကြွေး​ကြော်​ကြ​စေ။ 12ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌ ဂုဏ်​တော်​ကို ထင်​ရှား​စွာ ချီး​မွမ်း​ကြ​စေ။
13ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။
14ငါ​သည် ကြာ​မြင့်​စွာ တိတ်​ဆိတ်​လျက်​နေ​ပြီ။ ထို​သို့​နေ၍ အောင့်​ရ​ဦး​မည်​လော။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​ကဲ့​သို့ ငါ​အော်​ဟစ်​မည်။ ပင့်​သက်​ရှူ၍ ချက်​ချင်း ဖျက်​ဆီး​မည်။ 15တောင်​ကြီး​တောင်​ငယ်​များ​ကို သွေ့​ခြောက်​စေ​မည်။ သူ​တို့​အ​ပင် ရှိ​သ​မျှ​တို့​ကို​လည်း ညှိုး​နွမ်း​စေ​မည်။ မြစ်​များ​ကို ကုန်း​ဖြစ်​စေ​မည်။ ရေ​ကန်​များ​ကို ခန်း​ခြောက်​စေ​မည်။ 16မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။ 17ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။
တရားတော်ကိုမကျင့်သောဣ​သ​ရေ​လ​အ​မျိုး
18နား​ပင်း​သော​သူ​တို့၊ ကြား​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့၊ သင်​တို့​သည် မြင်​ရ​အံ့​သော​ငှာ ကြည့်​ရှု​ကြ​လော့။ 19ငါ့​ကျွန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကန်း​သ​နည်း။ ငါ​စေ​လွှတ်​သော​တ​မန်​ကဲ့​သို့ အ​ဘယ်​သူ​သည် နား​ပင်း​သ​နည်း။ ငါ့​မိတ်​ဆွေ​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ 20သင်​သည် များ​စွာ​မြင်​သော်​လည်း အာ​ရုံ​မ​ပြု​တတ်။ နား​ပွင့်​လျက်​ရှိ​သော်​လည်း မ​ကြား​တတ်။ 21ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။
22ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။ 23သင်​တို့​တွင် အ​ဘယ်​သူ​သည် ဤ​စ​ကား​ကို နား​ထောင်​မည်​နည်း။ နောင်​ကာ​လ​ဖို့ အ​ဘယ်​သူ​ကြား၍ မှတ်​မည်​နည်း။ 24လု​ယူ​ရာ​ဖြစ်​စေ​ခြင်း​ငှာ ယာ​ကုပ်​ကို​လည်း​ကောင်း၊ ဓား​ပြ​တို့​လက်​သို့ ဣ​သ​ရေ​လ​ကို​လည်း​ကောင်း အ​ဘယ်​သူ​အပ်​သ​နည်း။ ငါ​တို့​ပြစ်​မှား​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နောက်​တော်​သို့​မ​လိုက်၊ တ​ရား​တော်​ကို မ​ကျင့်​ဘဲ နေ​ကြ၏။ 25ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 42: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။