YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42:1-13

ဟေရှာယ 42:1-13 Judson Bible (JBMLE)

ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။ အော်​ဟစ်​ခြင်း၊ ကြွေး​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။ နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို မ​ချိုး။ အ​တောက်​သေး​သော မီး​စာ​ကို မ​သတ်။ တ​ရား​သည် မြဲ​မြံ​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊ လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။ အ​ရင်​ဟော​သော အ​ရာ​တို့​သည်​ဖြစ်​ကြ​ပြီ။ အ​သစ်​သော​အ​ရာ​တို့​ကို ယ​ခု ငါ​ဟော၏။ မ​ပေါ်​လာ​မီ သင်​တို့​အား ငါ​ပြ​နှင့်၏။ ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ တော​နှင့်​တ​ကွ တော၌​ရှိ​သော​မြို့​ရွာ၊ ကေ​ဒါ​အ​ရပ်​သား​တို့​သည် ကြွေး​ကြော်​ကြ​စေ။ ကျောက်၌​နေ​သော သူ​တို့​သည် သီ​ချင်း​ဆို​ကြ​စေ။ တောင်​ထိပ်​ပေါ်​က ကြွေး​ကြော်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌ ဂုဏ်​တော်​ကို ထင်​ရှား​စွာ ချီး​မွမ်း​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

ဟေရှာယ 42:1-13 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။ သူ​သည်​အော်​ဟစ်​၍​အ​သံ​ကို​လွှင့်​၍ စ​ကား​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။ လမ်း​များ​ပေါ်​တွင်​လည်း​ကျယ်​လောင်​စွာ​မိန့် ခွန်း စ​ကား​များ​ကို​ပြော​ကြား​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​ကောက်​နေ​သော​ကူ​ရိုး​ကို​မ​ချိုး၊ မှိတ် တုတ် မှိတ်​တုတ်၊ သေ​ခါ​နီး​မီး​ကို​မ​ငြိမ်း​သတ်​ဘဲ​ရှိ လိမ့်​မည်။ သူ​သည်​လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။ သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။'' ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊ ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။ သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။ ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။ ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။'' သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လော့။ ပင်​လယ်​တွင်​ကူး​သန်း​သွား​လာ​သူ​တို့​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပင်​လယ်​သတ္တ​ဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ရပ်​ဝေး​နိုင်​ငံ​များ​နှင့်​ယင်း​တို့​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ​လော့။ တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။ ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။

ဟေရှာယ 42:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။ သူ​သည် အော်ဟစ်​မည်​မ​ဟုတ်​။ ကြွေးကြော်​မည်​မ​ဟုတ်​။ လမ်း​ပေါ်မှာ သူ့​အသံ​ကို ကြား​ရ​မည်​မ​ဟုတ်​။ ကျိုးခါနီး​ကျူပင်​ကို မ​ချိုး​။ ငြိမ်းခါနီး​မီးစာ​ကို မ​ငြှိမ်းသတ်​။ တရားမျှတ​ခြင်း​အကြောင်း​ကို သစ္စာရှိ​စွာ ထုတ်ဖော်​မည်​။ သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။ မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။ သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။ ကြည့်ရှု​လော့​။ ယခင်​ဟော​ခဲ့​သော​အရာ​တို့​သည် ဖြစ်လာ​ပြီ​။ အသစ်​သော​အရာ​တို့​ကို ငါ​ဟောပြော​၏​။ ထို​အရာ​တို့ ဖြစ်​မ​လာ​မီ သင်​တို့​ကို ငါ​သိ​စေ​၏​။ ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။ တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။ သူ​တို့​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ကမ်းရိုးတန်းဒေသ​တို့​၌ ပြောကြား​ကြ​ပါစေ​။ ထာဝရဘုရား​သည် သူရဲကောင်း​ကဲ့သို့​ကြွ​တော်မူ​မည်​။ စိတ်အားထက်သန်မှု​ကို စစ်သူရဲ​ကဲ့သို့ လှုံ့ဆော်​တော်မူ​မည်​။ ကိုယ်တော်​သည် ကြွေးကြော်​တော်မူ​မည်​။ ဟစ်အော်​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​ကို အောင်​နိုင်​တော်မူ​မည်​။