YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 4:2-6

ဟေရှာယ 4:2-6 Judson Bible (JBMLE)

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အ​ညွန့်​သည် ဘုန်း​အ​သ​ရေ ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ မြေ​အ​သီး​အ​နှံ​သည် ကောင်း​မြတ်​လျောက်​ပတ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​သော​ဝိ​ညာဉ်၊ မီး​လောင်​သော ဝိ​ညာဉ်​တော်​အား​ဖြင့်၊ ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။ နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို ကွယ်​ကာ​သော​တဲ၊ မိုး​သက်​မုန်​တိုင်း​ရောက်​မှ လုံ​ခြုံ​သော​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။

ဟေရှာယ 4:2-6 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​တော်​တွင်​သစ်​ပင် ကြီး​ငယ်​အ​ပေါင်း​ကို ထွား​ကြိုင်း​သန်​မာ​စို​ပြေ စေ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက်​လာ​တော့​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သေး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြည်​တော်​ထွက် သီး​နှံ​များ​အ​တွက်​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​စစ်​ဆေး​စီ​ရင်​ကာ တန်​ခိုး​တော်​အား ဖြင့်​ဖြူ​စင်​သန့်​ရှင်း​စေ​တော်​မူ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​၏​အ​ပြစ်​ကို​လည်း​ကောင်း၊ ထို​မြို့ တွင်​သွန်း​သည့်​သွေး​များ​ကို​လည်း​ကောင်း ဆေး​ကြော​စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။- ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။- ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​မြို့ တော်​ကို နေ​၏​အ​ပူ​ရှိန်​မှ​ကာ​ကွယ်​၍ မိုး​သက် မုန်​တိုင်း​၏​ဒဏ်​နှင့်​ကင်း​ဝေး​စေ​ပြီး​လျှင် ဘေး​မဲ့​လုံ​ခြုံ​ရာ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။

ဟေရှာယ 4:2-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။ ဇိအုန်​တောင်​၌​ကြွင်းကျန်​သော​သူ​၊ ဂျေရုဆလင်​မြို့​၌​ကျန်ရစ်​သော​သူ စသည့် ဂျေရုဆလင်​မြို့​တွင်​အသက်ရှင်​သော​သူ​တို့​စာရင်း​၌ ရေးမှတ်​ထား​သော​သူ​အားလုံး​သည် သန့်ရှင်း​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ဘုရားရှင်​သည် တရားစီရင်​ခြင်း​ဝိညာဉ်​၊ လောင်ကျွမ်း​ခြင်း​ဝိညာဉ်​တို့​ဖြင့် ဇိအုန်​သမီး​တို့​၏​အညစ်အကြေး​ကို​ဆေးကြော​၍ ဂျေရုဆလင်​မြို့​ထဲ​မှ သွေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။ နေ့​အချိန် အပူရှိန်​ကို​ကာကွယ်​ပေး​သော​အရိပ်​၊ မိုးသက်မုန်တိုင်း​ဘေး​မှ ခိုလှုံ​ရာ​၊ ကွယ်ကာ​ရာ​အဖြစ် တဲ​လည်း​ရှိ​မည်​။