YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 4

4
1သူ​သည် လူ​ဆိတ်​ညံ​ရာ​မြေ​ပေါ်​မှာ ထိုင်​ရ​လိမ့်​မည်။ ထို​ကာ​လ၌ မိန်း​မ​ခု​နစ်​ယောက်​တို့​သည် ယောက်ျား​တစ်​ယောက်​ကို ကိုင်​ဆွဲ​လျက်၊ ကျွန်​မ​တို့​သည် ကိုယ်​မုန့်​ကို စား​ပါ​မည်။ ကိုယ်​အ​ဝတ်​ကို​လည်း ဝတ်​ပါ​မည်။ ကျွန်​မ​တို့​ကို​မောင်၏​နာ​မ​ဖြင့် သ​မုတ်​ခြင်း​သာ​ရှိ​စေ၍၊ ကျွန်​မ​တို့ ရှက်​ကြောက်​ခြင်း​ကို ပယ်​ဖျောက်​ပါ​ဟု ဆို​ကြ​လိမ့်​မည်။
ယေ​ရု​ရှ​လင်​မြို့ဘုန်းအသရေ
2ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အ​ညွန့်​သည် ဘုန်း​အ​သ​ရေ ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ မြေ​အ​သီး​အ​နှံ​သည် ကောင်း​မြတ်​လျောက်​ပတ်​လိမ့်​မည်။ 3ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​သော​ဝိ​ညာဉ်၊ မီး​လောင်​သော ဝိ​ညာဉ်​တော်​အား​ဖြင့်၊ 4ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 5ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။#ထွ၊ ၁၃:၂၁၊ ၂၄:၁၅။ 6နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို ကွယ်​ကာ​သော​တဲ၊ မိုး​သက်​မုန်​တိုင်း​ရောက်​မှ လုံ​ခြုံ​သော​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ