YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 35:1-7

ဟေရှာယ 35:1-7 Judson Bible (JBMLE)

တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။ အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။ အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။ ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။ တံ​လျှပ်​သည် ရေ​ကန်​ဖြစ်​လိမ့်​မည်။ သွေ့​ခြောက်​သော​မြေ​သည် စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေ​ခွေး​အိပ်​ရာ​နေ​ရာ၌ ကျူ​ပင်​နှင့် ဂ​မာ​ပင်​အ​စား၊ မြက်​ပင်​ပေါက်​လိမ့်​မည်။

ဟေရှာယ 35:1-7 Common Language Bible (BCL)

ကန္တာ​ရ​သည်​ရွှင်​မြူး​လိမ့်​မည်။ မြေ​ရိုင်း​များ​တွင်​လည်း​ပန်း​များ​ပွင့်​လိမ့်​မည်။ ကန္တာ​ရ​သည်​ဝမ်း​မြောက် ရွှင်​လန်း​သ​ဖြင့် သီ​ချင်း​ဆို​ကြွေး​ကြော်​လိမ့်​မည်။ လေ​ဗ​နုန်​တောင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လျက် ကာ​ရ​မေ​လ​နှင့်​ရှာ​ရုန်​တောင်​ကုန်း လယ်​ယာ​များ​ကဲ့​သို့​အ​သီး​အ​နှံ​များ ဝေ​ဆာ​လျက် ရှိ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို လည်း​ကောင်း ဖူး​မြင်​ရ​ကြ​လိမ့်​မည်။ နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊ အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။ စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။ မျက်​မ​မြင်​တို့​သည်​မျက်​စိ​မြင်​ကြ​လိမ့်​မည်။ နား​ပင်း​သူ​တို့​သည်​လည်း​နား​ကြား​ကြ​လိမ့်​မည်။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည် ခုန်​ကြ​လိမ့်​မည်။ ဆွံ့​အ​သူ​တို့​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ ကန္တာ​ရ​၌​စမ်း​ရေ​ပေါက်​၍​ကန္တာ​ရ​တွင် စမ်း​ချောင်း​စီး​လိမ့်​မည်။ ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။

ဟေရှာယ 35:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တောကန္တာရ​နှင့်​ခြောက်သွေ့​သော​အရပ်​သည် ရွှင်မြူး​ကြ​လိမ့်မည်​။ သဲကန္တာရ​သည် ရွှင်လန်း​၍ နှင်းဆီပန်း​ကဲ့သို့ ဖူးပွင့်​လိမ့်မည်​။ ဝေဝေဆာဆာ​ဖူးပွင့်​၍ ဝမ်းမြောက်​ပျော်ရွှင်​စွာ သီချင်းဆို​လိမ့်မည်​။ လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​၊ ကရမေလ​တောင်​နှင့် ရှာရုန်​လွင်ပြင်​တို့​၏​ခန့်ညားထည်ဝါမှု​ကို ရရှိ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​၊ ငါ​တို့​ဘုရားသခင်​၏​ခန့်ညားထည်ဝါမှု​ကို မြင်​ရ​လိမ့်မည်​။ အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။ စိတ်အားငယ်​သော​သူ​တို့​အား “​အားယူ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ ကြည့်ရှု​လော့​။ သင်​တို့​၏​ဘုရားသခင်​သည် လက်စားချေ​ရန် ကြွလာ​မည်​။ အကျိုးအပြစ်​ပေး​ရန် ကြွလာ​မည်​။ ဘုရားသခင်​ကိုယ်တော်တိုင်​ကြွလာ​၍ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​”​ဟု ဆို​ကြ​လော့​။ ထိုအခါ မျက်မမြင်​သူ​တို့​သည် မျက်စိ​မြင်​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​သည် နား​ကြား​ကြ​လိမ့်မည်​။ ခြေမသန်သူ​တို့​သည် သမင်​ကဲ့သို့​ခုန်ပေါက်​ကြ​လိမ့်မည်​။ ဆွံ့အ​သော​လျှာ​သည် ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်​။ တောကန္တာရ​၌​ရေ​ပန်းထွက်​၍ သဲကန္တာရ​၌​စမ်းချောင်း​စီး​လိမ့်မည်​။ ခြစ်ခြစ်တောက်​ပူ​သော​သဲမြေ​သည် ရေအိုင်​ဖြစ်​လိမ့်မည်​။ ခြောက်ကပ်​သော​မြေ​သည် စမ်းရေတွင်း​ဖြစ်​လိမ့်မည်​။ ခွေးအ​တို့​ကျက်စား​ရာ​နေရာ​၊ လဲလျောင်း​ရာ​နေရာ​၌ မြက်ပင်​နှင့်အတူ ကျူပင်​နှင့်​ကျူပင်ကြီး​တို့ ပေါက်​လိမ့်မည်​။