YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 27:1-13

ဟေရှာယ 27:1-13 Judson Bible (JBMLE)

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။ ထို​ကာ​လ၌ စ​ပျစ်​ဥ​ယျာဉ်​ကို အ​ကြောင်း​ပြု၍၊ ဤ​သို့ သီ​ချင်း​ဆို​ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။ ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။ သို့​မ​ဟုတ် ငါ၏​အ​စွမ်း​သ​တ္တိ​ကို ကိုး​စား၍၊ ငါ​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စေ​သော။ နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။ သူ့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သည် နည်း​တူ၊ သူ့​ကို ညှဉ်း​ဆဲ​တော်​မူ​သ​လော။ သူ့​ကို​သတ်​သော​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​သည် နည်း​တူ၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သ​လော။ သူ့​ကို​စွန့်​ပစ်၍ အ​တော်​အ​တန် ဆုံး​မ​တော်​မူ၏။ အ​ရှေ့​လေ လာ​သော​အ​ခါ၊ ပြင်း​စွာ​သော​လေ​ဖြင့် တိုက်​သွား​တော်​မူ၏။ ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။ အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။ အို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ထို​ကာ​လ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကြီး​မှ​စ၍၊ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် သစ်​သီး​များ​ကို သိမ်း​ယူ​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် တစ်​ယောက်​နောက်​တစ်​ယောက်၊ ကောက်​သိမ်း​ခြင်း​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​ကာ​လ၌​လည်း၊ ကြီး​သော​တံ​ပိုး​ကို မှုတ်​ရ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၌ ပျောက်​သော​သူ၊ အဲ​ဂု​တ္တု​ပြည်၌ စွန့်​ပစ်​သော​သူ​တို့​သည် လာ၍၊ ယေ​ရု​ရှ​လင်​မြို့​တွင်၊ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဝတ်​ပြု၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။

ဟေရှာယ 27:1-13 Common Language Bible (BCL)

ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။ ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊- ``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။- စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။- သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။ ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။- ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။- ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။ ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။- သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။ ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။

ဟေရှာယ 27:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ထွက်ပြေး​နေ​သော​မြွေကြီး​လဝိသန်​၊ တွန့်လိမ်​နေ​သော​မြွေကြီး​လဝိသန်​ကို ခိုင်မာ​၍​အစွမ်းထက်​သော မိမိ​ဓား​ကြီး​ဖြင့်​အပြစ်ဒဏ်​ပေး​တော်မူ​မည်​။ ပင်လယ်​မြွေနဂါး​ကို​လည်း သတ်ဖြတ်​တော်မူ​မည်​။ ထို​နေ့ရက်​၌ သာယာ​သော​စပျစ်​ဥယျာဉ်​အကြောင်း​ကို သီဆို​ကြ​လော့​။ ငါ​ထာဝရဘုရား​သည် ထို​ဥယျာဉ်​ကို စောင့်ရှောက်​၏​။ မကြာခဏ ရေလောင်း​ပေး​၏​။ မည်သူ​မျှ မ​ဖျက်ဆီး​စေရန် နေ့ညမပြတ် စောင့်ရှောက်​၏​။ ငါ အမျက်​မ​ထွက်​ပါ​။ မည်သူ​သည် ငါ့​ကို ချုံပင်​၊ ဆူးပင်​များ​နှင့် တိုက်ပွဲ​ဝင်​စေ​မည်နည်း​။ ချီတက်​တိုက်ခိုက်​ပြီး အားလုံး​မီးရှို့​ပစ်​မည်​။ သို့မဟုတ် သူ​သည် ငါ့​ထံသို့ လာရောက်​ခိုလှုံ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။ နောင်တစ်ချိန်​မှာ ယာကုပ်​သည် အမြစ်တွယ်​လာ​လိမ့်မည်​။ အစ္စရေး​သည် ဖူးငုံ​ပွင့်လန်း​လာ​လိမ့်မည်​။ ကမ္ဘာမြေ​တစ်ပြင်လုံး​ကို အသီး​နှင့်​ပြည့်​စေ​လိမ့်မည်​။ သူ့​ကို​ရိုက်နှက်​သော​သူ​အား ကိုယ်တော်​ဒဏ်ခတ်​တော်မူ​သကဲ့သို့ သူ့​ကို​ဒဏ်ခတ်​တော်မူ​သလော​။ သူ့​ကို​သတ်​သော​သူ​တို့ အသတ်​ခံရ​သကဲ့သို့ သူ​အသတ်​ခံရ​သလော​။ ကိုယ်တော်​သည် ပြည်နှင်ဒဏ်ပေး​ခြင်း​ဖြင့် အတိုင်းအတာ​တစ်ခု​အထိ ဒဏ်ခတ်​တော်မူ​၏​။ အရှေ့​လေ​လာ​သော​နေ့ရက်​၌ ပြင်းထန်​သော​လေ​ဖြင့် သူ့​ကို​တိုက်ထုတ်​တော်မူ​၏​။ ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။ ခိုင်ခံ့​သော​မြို့​သည် အထီးကျန်​၍ တောကန္တာရ​ကဲ့သို့ စွန့်ခွာ​သွား​ခြင်း​၊ စွန့်ပစ်​ထား​ခြင်း​ခံရ​သော​နေရာ​ဖြစ်​လိမ့်မည်​။ နွားသငယ်​သည် ထို​နေရာ​တွင် ကျက်စား​လိမ့်မည်​၊ လဲလျောင်း​လိမ့်မည်​။ ထို​နေရာ​ရှိ​အခက်အလက်​တို့​ကို အကုန်အစင်​စား​လိမ့်မည်​။ အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။ အို အစ္စရေး​အမျိုးသား​တို့​၊ ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ယူဖရေးတီး​မြစ်​လက်တက်​မှ အီဂျစ်​ပြည်​စမ်းချောင်း​တိုင်အောင် သင်​တို့​ကို တလင်းနယ်​၍ တစ်​ယောက်​ပြီး​တစ်​ယောက် ကောက်သိမ်း​တော်မူ​မည်​။ ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။