YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 14:12-17

ဟေရှာယ 14:12-17 Judson Bible (JBMLE)

အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။ သင်​က​လည်း၊ ကောင်း​ကင်​ပေါ်​သို့ ငါ​တက်​မည်။ ဘု​ရား​သ​ခင်၏​ကြယ်​တို့​အ​ပေါ်​မှာ ငါ့​ပ​လ္လင်​ကို ငါ​ချီး​မြှောက်​မည်။ မြောက်​မျက်​နှာ​ဘက်၊ ဗျာ​ဒိတ်​တော်​တောင်​ပေါ်​မှာ ငါ​ထိုင်​မည်။ မိုး​တိမ်​ထိပ်​ပေါ်​သို့ ငါ​တက်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​ကဲ့​သို့ ငါ​နေ​မည်​ဟု စိတ်​အ​ကြံ​ရှိ​လေ​ပြီ။ သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။ သင့်​ကို မြင်​သော​သူ​တို့​သည် စေ့​စေ့​ကြည့်​ရှု၍ ဆင်​ခြင်​ပြီး​လျှင်၊ မြေ​ကြီး​ကို​တုန်​လှုပ်​စေ၍၊ တိုင်း​နိုင်​ငံ​များ​ကို လှုပ်​ခြောက်​သော​သူ​ကား ဤ​သူ​လော။ လော​ကီ​နိုင်​ငံ​ကို တော​ကဲ့​သို့​ဖြစ်​စေ၍၊ မြို့​များ​ကို ဖျက်​ဆီး​သော​သူ၊ အ​ချုပ်​ခံ​ရ​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ တစ်​ဖန်​မ​လွှတ်​သော​သူ​ကား ဤ​သူ​လော။

ဟေရှာယ 14:12-17 Common Language Bible (BCL)

အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။- သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။- ``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။- သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။ သူ​သေ​တို့​သည်​သင့်​ကို​အ​ကြောင်​သား​ငေး​၍ ကြည့်​နေ​ကြ​လိမ့်​မည်။ သူ​တို့​က``ကမ္ဘာ​ကို​တုန် လှုပ်​စေ​၍​တိုင်း​နိုင်​ငံ​တို့​ကို​ချောက်​ချား​စေ သော​သူ​ကား​ဤ​သူ​ပင်​လော။- မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။

ဟေရှာယ 14:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။ သင်​က “​ကောင်းကင်​သို့​ငါ​တက်​မည်​။ ဘုရားသခင်​၏​ကြယ်​တို့​အထက်​၌ ငါ့​ပလ္လင်​ကို​ငါ​တည်​မည်​။ မြောက်ဘက်​စွန်း​ရှိ တွေ့ဆုံစည်းဝေးရာ​တောင်​ပေါ်မှာ ငါ​ထိုင်​မည်​။ မြင့်ရာအရပ်​ရှိ​တိမ်တိုက်​များ​အထက်​သို့ ငါ​တက်​မည်​။ အမြင့်ဆုံး​သော​ဘုရား​ကဲ့သို့ ငါ့ကိုယ်ငါ ဖြစ်စေ​မည်​”​ဟု သင့်​စိတ်​ထဲ၌​ဆို​၏​။ သို့သော် သင်​သည် မရဏာနိုင်ငံ​၊ တွင်း​၏​အနက်ဆုံး​နေရာ​သို့ ကျသွား​လိမ့်မည်​။ သင့်​ကို​တွေ့​သော​သူ​တို့​သည် သင့်​ကို​စိုက်ကြည့်​ပြီးလျှင် “​ကမ္ဘာမြေကြီး​ကို​လှုပ်ခတ်​စေ​သော​သူ​၊ တိုင်းနိုင်ငံ​များ​ကို တုန်လှုပ်​စေ​သော​သူ​၊ ကမ္ဘာကြီး​ကို တောကန္တာရ​ကဲ့သို့​ဖြစ်စေ​သော​သူ​၊ မြို့​များ​ကို​ဖြိုဖျက်​သော​သူ​၊ အချုပ်​ခံရ​သော​သူ​တို့​ကို အိမ်​သို့​ပြန်ခွင့်​မ​ပေး​သော​သူ​ကား ဤ​သူ​လော​”​ဟု တွေးဆ​ကြ​လိမ့်မည်​။