YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 14:12-15

ဟေရှာယ 14:12-15 Judson Bible (JBMLE)

အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။ သင်​က​လည်း၊ ကောင်း​ကင်​ပေါ်​သို့ ငါ​တက်​မည်။ ဘု​ရား​သ​ခင်၏​ကြယ်​တို့​အ​ပေါ်​မှာ ငါ့​ပ​လ္လင်​ကို ငါ​ချီး​မြှောက်​မည်။ မြောက်​မျက်​နှာ​ဘက်၊ ဗျာ​ဒိတ်​တော်​တောင်​ပေါ်​မှာ ငါ​ထိုင်​မည်။ မိုး​တိမ်​ထိပ်​ပေါ်​သို့ ငါ​တက်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​ကဲ့​သို့ ငါ​နေ​မည်​ဟု စိတ်​အ​ကြံ​ရှိ​လေ​ပြီ။ သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။

ဟေရှာယ 14:12-15 Common Language Bible (BCL)

အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။- သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။- ``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။- သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။

ဟေရှာယ 14:12-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။ သင်​က “​ကောင်းကင်​သို့​ငါ​တက်​မည်​။ ဘုရားသခင်​၏​ကြယ်​တို့​အထက်​၌ ငါ့​ပလ္လင်​ကို​ငါ​တည်​မည်​။ မြောက်ဘက်​စွန်း​ရှိ တွေ့ဆုံစည်းဝေးရာ​တောင်​ပေါ်မှာ ငါ​ထိုင်​မည်​။ မြင့်ရာအရပ်​ရှိ​တိမ်တိုက်​များ​အထက်​သို့ ငါ​တက်​မည်​။ အမြင့်ဆုံး​သော​ဘုရား​ကဲ့သို့ ငါ့ကိုယ်ငါ ဖြစ်စေ​မည်​”​ဟု သင့်​စိတ်​ထဲ၌​ဆို​၏​။ သို့သော် သင်​သည် မရဏာနိုင်ငံ​၊ တွင်း​၏​အနက်ဆုံး​နေရာ​သို့ ကျသွား​လိမ့်မည်​။