YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 13:1-22

ဟေရှာယ 13:1-22 Judson Bible (JBMLE)

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊ ရှင်း​လင်း​သော​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ။ ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ကြ။ လက်​ကို​လှုပ်​ကြ။ သူ​တို့​သည် မင်း​တို့​နေ​ရာ တံ​ခါး​များ​ကို ဝင်​ကြ​စေ။ ငါ​သန့်​ရှင်း​စေ​သော​သူ​တို့​ကို ငါ​မှာ​ထား​ပြီ။ ငါ​ပေး​သော​ဘုန်း​အာ​နု​ဘော်​ကြောင့် ဝမ်း​မြောက်​သော​သူ၊ ငါ၏​သူ​ရဲ​တို့​ကို ငါ့​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ငါ​ခေါ်​ပြီ။ ကြီး​စွာ​သော အ​လုံး​အ​ရင်း၏​အ​သံ​ကဲ့​သို့ တောင်​တို့​အ​ပေါ်​မှာ လူ​များ၏​အ​သံ​ဗ​လံ၊ စု​ဝေး​သော တိုင်း​သူ​ပြည်​သား​များ​တို့၏ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ဗ​လံ​ရှိ​သည်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် စစ်​တိုက်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ကို စီ​ရင်​ခင်း​ကျင်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် အ​တူ​တ​ကွ အ​မျက်​တော်​လက်​နက်​တို့​သည် တစ်​ပြည်​လုံး​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ဝေး​သော​ပြည်၊ ကောင်း​ကင်​စွန်း​မှ​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။ ထို​ကြောင့်၊ ရှိ​သ​မျှ​သော​လက်​တို့​သည် ကျ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည် စိတ်​ပျက်၍ ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ နာ​ခြင်း​ဝေ​ဒ​နာ​အ​မျိုး​မျိုး​ကို ခံ​ရ​ကြ​လိမ့်​မည်။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ​လျက်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍ မှိုင်​တွေ​သ​ဖြင့်၊ သူ​တို့​မျက်​နှာ​သည် မီး​လျှံ​အ​ဆင်း​ရှိ​လိမ့်​မည်။ ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။ မိုး​ကောင်း​ကင်​ကြယ်​န​က္ခတ်​တို့​သည် အ​လင်း​ကို​မ​ပေး။ နေ​သည်​လည်း ထွက်​သော​အ​ခါ​မိုက်​လျက်၊ လ​သည်​လည်း မ​ထွန်း​မ​လင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။ ထို​လော​ကီ​နိုင်​ငံ၏​အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့၏​ဒု​စ​ရိုက်​များ​ကို​လည်း​ကောင်း ငါ​စစ်​ကြော​မည်။ မာ​န​ကြီး​သော​သူ​တို့၏​ထောင်​လွှား​ခြင်း​ကို ငါ​နှိပ်​စက်၍၊ ကြမ်း​ကြုတ်​သော​သူ​တို့၏ စော်​ကား​ခြင်း​ကို ငါ​နှိမ့်​ချ​မည်။ လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။ သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဒေါ​သ​အ​မျက်​တော်​ပြင်း​စွာ​ထွက်​သော​နေ့​ရက်၌၊ မိုး​ကောင်း​ကင်​ကို ငါ​လှုပ်​ရှား​မည်။ မြေ​ကြီး​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​ရ​လိမ့်​မည်။ ပြည်​သား​တို့​သည် ကြောက်၍ ပြေး​သော​ဒ​ရယ်​မ၊ ထိန်း​သိမ်း​သူ​မ​ရှိ​သော သိုး​များ​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို မျက်​နှာ​ပြု၍၊ အ​သီး​အ​သီး မိ​မိ​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။ တွေ့​မိ​သ​မျှ​သော သူ​တို့​ကို လှံ​နှင့်​ထိုး​ရ၏။ စု​ဝေး​လျက်​ရှိ​သော သူ​အ​ပေါင်း​တို့​လည်း ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​သား​သ​မီး​များ​ကို သူ​တို့​မျက်​မှောက်၌ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​လိမ့်​မည်။ သူ​တို့​အိမ်​များ​ကို လု​ယက်၍၊ သူ​တို့​မ​ယား​များ​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ငွေ​ကို ပ​မာ​ဏ​မ​ပြု၊ ရွှေ​ကို အ​လို​မ​ရှိ​သော မေ​ဒိ​လူ​များ​ကို သူ​တို့​တစ်​ဖက်၌ ငါ​နှိုး​ဆော်​မည်။ သူ​တို့​သည် လူ​ပျို​တို့​ကို လေး​နှင့် ရိုက်​ခတ်​ကြ​လိမ့်​မည်။ အ​က​လေး​တို့​ကို မ​သ​နား​ကြ။ သူ​တို့​မျက်​စိ​သည် သူ​ငယ်​တို့​ကို မ​နှ​မြော​ရ။ တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထို​မြို့၌ ကာ​လ​အ​စဉ်၊ လူ​မျိုး​အ​ဆက်​ဆက် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ထို​မြို့၌ အာ​ရပ်​လူ​သည် တဲ​ကို​မျှ​မ​ဆောက်​ရ။ သိုး​ထိန်း​တို့​သည် သိုး​ခြံ​ကို​မျှ မ​လုပ်​ရ​ကြ။ တော​သား​ရဲ​တို့​သည် ထို​မြို့၌ အိပ်​ကြ​လိမ့်​မည်။ အိမ်​တို့​သည် မြည်​တတ်​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။ ကု​လား​အုတ်ငှက်​တို့​လည်း နေ​ရာ​ကျ၍၊ မျောက်​တို့​လည်း က​ခုန်​ကြ​လိမ့်​မည်။ တော​ခွေး​တို့​သည်​လည်း၊ ဘုံ​ဗိ​မာန်​များ၌​လည်း​ကောင်း၊ မြေ​ခွေး​တို့​သည်​လည်း၊ ကြက်​သ​ရေ​တိုက်​များ၌​လည်း​ကောင်း၊ အူ​ကြ၊ မြည်​ကြ​လိမ့်​မည်။ ထို​သို့​သော​ကာ​လ​နီး​လှ​ပြီ။ ထို​မြို့၏​အ​သက်​တာ မ​ရှည်​ရ။

ဟေရှာယ 13:1-22 Common Language Bible (BCL)

ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။ တောင်​က​တုံး​ပေါ်​တွင်​စစ်​အ​လံ​ကို​လွှင့် ထူ​ကြ​လော့။ မာန်​မာ​န​ထောင်​လွှား​သည့်​မြို့ တော်​တံ​ခါး​တို့​ကို​တိုက်​ခိုက်​ရန်​ဟစ်​အော် ကာ သင်​တို့​လက်​ကို​မြှောက်​၍ စစ်​သည်​တို့ အား​အ​ချက်​ပေး​ကြ​လော့။- ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မျက်​တော်​ရှ သော​သူ​တို့​ကို​ဒဏ်​ခတ်​ရန်​အ​တွက် မိ​မိ​၏ ယုံ​ကြည်​စိတ်​ချ​ဂုဏ်​ယူ​ဝါ​ကြွား​ထိုက်​သော စစ်​သည်​တော်​တို့​ကို​ခေါ်​ယူ​တော်​မူ​ပြီ။ တောင်​ပေါ်​ရှိ​လူ​အုပ်​ကြီး​၏​အ​သံ​ကို​နား ထောင်​ကြ​လော့။ ထို​အ​သံ​သည်​လူ​မျိုး​တ​ကာ တို့​စု​ရုံး​နေ​ကြ​သော​အ​သံ​ဖြစ်​၏။ ဗိုလ်​ခြေ တို့​၏​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​စစ် သည်​တော်​တို့​ကို​တိုက်​ပွဲ​ဝင်​စေ​ရန်​အ​တွက် အ​သင့်​ပြင်​ဆင်​လျက်​နေ​တော်​မူ​၏။- သူ​တို့​သည်​ကမ္ဘာ​အ​စွန်​အ​ဖျား​ရှိ​ရပ်​ဝေး နိုင်​ငံ​များ​မှ လာ​ရောက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် လက်​နက်​ဖြင့် နိုင်​ငံ​တစ်​ခု​လုံး​ကို​သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​ကြွ​လာ​တော်​မူ​ပေ​အံ့။ အ​နန္တ​တန်​ခိုး​ရှင်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ တည်း​ဟူ​သော ထာ​ဝရ​ဘု​ရား​တ​ရား​စီ​ရင် တော်​မူ​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ ရ​ဦး​မည်။ ဝေ​ဒ​နာ​ခံ​စား​လျက်​ငို​ကြွေး မြည်​တမ်း​ကြ​လော့။- လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။- သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။- သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။- ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။- အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။- အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။ မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။- သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။- သူ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ငေး​လျက်​ကြည့်​နေ စဉ် သူ​တို့​၏​နို့​စို့​က​လေး​များ​သည်​ဆောင့်​ဖွပ် ၍ အ​သတ်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​၏​အိမ်​များ မှာ​အ​လု​အ​ယက်​ခံ​ရ​၍ သူ​တို့​၏​ဇနီး​များ သည်​မု​ဒိန်း​အ​ကျင့်​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။- မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။- ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။- ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။- ထို​အ​ရပ်​သည်​တော​တိ​ရစ္ဆာန်​များ​ကျက်​စား​ရာ နေ​ရာ၊ ဇီး​ကွက်​များ​အ​သိုက်​လုပ်​ရာ​ဖြစ်​လိမ့်​မည်။ ယင်း​အ​ရပ်​တွင်​ငှက်​ကု​လား​အုတ်​များ​နေ​၍ တော ဆိတ်​များ​သည်​လည်း အ​ဆောက်​အ​ဦး​ပျက်​များ ၏​အ​ကြို​အ​ကြား​တွင်​ခုန်​ပေါက်​မြူး​တူး​ကြ လိမ့်​မည်။- မျှော်​စင်​များ​နှင့်​နန်း​တော်​အ​ဆောက်​အ​ဦး များ​သည်​တော​ခွေး​နှင့်​ခွေး​အ​များ​ဟောင်​ကြ သည့်​အ​သံ​ဖြင့် ပဲ့​တင်​ထပ်​လျက်​နေ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​သင့်​မည့်​နေ့​ရက်​ကာ လ​ရောက်​ရှိ​လာ​လေ​ပြီ။ ထို​မြို့​တည်​ရှိ​မည့် နေ့​ရက်​ကာ​လ​သည်​လည်း​ဆုံး​ခန်း​တိုင် ရောက်​လု​ပြီ။

ဟေရှာယ 13:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘေဘီလုံ​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား ဟေရှာယ​မြင်​ရ​သော​ဗျာဒိတ်​တော်​။ တောင်​ကတုံး​ပေါ်၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ သူ​တို့​ထံ အသံ​ကို​လွှင့်​ကြ​။ လက်​ကို​ဝှေ့ယမ်း​ကြ​။ ထိုအခါ မင်းအရာရှိ​တံခါး​တို့​မှ သူ​တို့​ဝင်လာ​မည်​။ ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ​မိန့်မှာ​ထား​ပြီ​။ ငါ့​အမျက်​တော်​အတိုင်း​လုပ်ဆောင်​ရန် ငါ​ဂုဏ်ယူဝင့်ကြွား​ရာ​စစ်သူရဲ​များ​ကို ငါ​ဆင့်ခေါ်​ပြီ​။ လူအုပ်​ကြီး​မှ​ထွက်​သော​အသံ​ကဲ့သို့ တောင်​ပေါ်မှ ဆူဆူညံညံ​အသံ​၊ တိုင်းနိုင်ငံ​တို့​မှ လူမျိုး​တို့ အတူတကွ​စုဝေး​၍ အုတ်အုတ်ကျက်ကျက်​ဖြစ်​သော​အသံ​ပါတကား​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်ပွဲ​အတွက် စစ်သည်​အလုံးအရင်း​ကို ခင်းကျင်း​တော်မူ​ပြီ​။ ထာဝရဘုရား​နှင့် အမျက်​တော်​လက်နက်​သည် မြေ​တစ်ပြင်လုံး​ကို​ဖျက်ဆီး​ရန် ကောင်းကင်​အစွန်း​၊ ဝေးလံ​သော​အရပ်​မှ လာ​ကြ​ပြီ​။ ညည်းတွားငိုကြွေး​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ရောက်​လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံမှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​မည်​။ ထို့ကြောင့် လူ​တိုင်း လက်​အားယုတ်​လိမ့်မည်​။ လူ​တိုင်း စိတ်ပျက်အားလျော့​လိမ့်မည်​။ ထိတ်လန့်​လိမ့်မည်​။ ပြင်းထန်​သော​ဝေဒနာ​၊ မချိတင်ကဲဝေဒနာ​သည် သူ​တို့​ကို ဆုပ်ကိုင်​ထား​လိမ့်မည်​။ သားဖွား​သော​မိန်းမ​ကဲ့သို့ လူးလွန့်​ရ​လိမ့်မည်​။ တစ်ယောက်​ကို​တစ်ယောက် အံ့အားသင့်​လိမ့်မည်​။ သူ​တို့​မျက်နှာ​သည် မီးလျှံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ပြင်းထန်​သော​အမျက်​ဒေါသ​ဖြင့် ရက်စက်ကြမ်းတမ်း​စွာ​လာ​နေ​ပြီ​။ ကမ္ဘာမြေကြီး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မြေပြင်​ပေါ်မှ​အပြစ်သား​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​မည်​။ ကောင်းကင်​ကြယ်​၊ ကောင်းကင်ကြယ်စု​တို့​သည် အလင်း​ကို​မ​ပေး​။ နေ​ထွက်​ချိန်​၌ မှောင်မည်း​နေ​မည်​။ လ​သည်​လည်း အလင်း​ကို​မ​ပေး​။ ဆိုးညစ်​သော​ကမ္ဘာကြီး​၊ ဆိုးယုတ်​သော​ဒုစရိုက်သမား​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ မာနထောင်လွှား​သော​သူ​တို့​၏​မာန​ကို ငါ​ချုပ်ငြိမ်း​စေ​မည်​။ ကြမ်းကြုတ်​သော​သူ​တို့​၏​မာန​ကို ငါ​ချိုး​ပစ်​မည်​။ လူ​ကို ရွှေစင်​ထက်​၊ လူသား​ကို ဩဖိရ​ရွှေ​ထက် ငါ​ရှားပါး​စေ​မည်​။ ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​သော​နေ့ရက်​၌ မိုးကောင်းကင်​ကို ငါ​လှုပ်ခတ်​စေ​မည်​။ မြေကြီး​သည်​လည်း မိမိ​နေရာ​မှ ရွေ့သွား​လိမ့်မည်​။ လူ​အသီးသီး​တို့​သည် အမဲလိုက်​ခံရ​သော​ဒရယ်​ကဲ့သို့​၊ စုစည်းပေး​မည့်​သူ​မ​ရှိ​သော​သိုး​ကဲ့သို့ ဖြစ်​လိမ့်မည်​။ မိမိ​လူမျိုး​ထံ ပြန်လှည့်​၍ မိမိ​ပြည်​သို့ ပြန်ပြေး​လာ​ကြ​လိမ့်မည်​။ တွေ့ရှိ​ဖမ်းမိ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​သည် ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ သူ​တို့​ကလေးငယ်​များ​သည် သူ​တို့​မျက်စိ​ရှေ့​တွင် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ သူ​တို့​အိမ်​သည် တိုက်ခိုက်လုယက်​ခံရ​၍ သူ​တို့​မယား​သည်​လည်း အဓမ္မပြုကျင့်​ခြင်း​ခံရ​လိမ့်မည်​။ ကြည့်ရှု​လော့​။ ငွေ​ကို​ပဓာန​မ​ထား​၊ ရွှေ​ကို​မ​နှစ်သက်​သော မေဒိ​လူမျိုး​တို့​ကို ငါ​လှုံ့ဆော်​မည်​။ သူ​တို့​သည် လူငယ်​တို့​ကို လေး​ဖြင့်​ဖြိုခွင်း​ကြ​လိမ့်မည်​။ ရင်သွေးငယ်​တို့​ကို မ​သနား​။ ကလေးငယ်​တို့​အပေါ် ညှာတာ​သော​အကြည့်​မ​ရှိ​။ တိုင်းနိုင်ငံ​တို့​၏​ဂုဏ်သရေ​၊ ခါလဒဲ​လူမျိုး​တို့​ဂုဏ်ယူ​ဝါကြွား​ရာ​ဖြစ်​သော ဘေဘီလုံ​မြို့​သည် ဘုရားသခင်​ဖြိုဖျက်​ခဲ့​သော သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ထို​မြို့​၌ မျိုးဆက်အဆက်ဆက် ကာလ​အစဉ် မည်သူမျှ​မှီတင်း​နေထိုင်​မည်​မ​ဟုတ်​။ ထို​မြို့​၌ အာရပ်​လူမျိုး​တစ်ယောက်မျှ တဲဆောက်​မည်​မ​ဟုတ်​။ သိုးထိန်း​တစ်ယောက်မျှ သိုး​တို့​ကို​ထိန်းကျောင်း​မည်​မ​ဟုတ်​။ ကန္တာရ​သတ္တဝါ​တို့​သည် ထို​မြို့​၌ ကျက်စား​ကြ​လိမ့်မည်​။ သူ​တို့​၏​အိမ်​များ​သည် အူ​တတ်​သော​တိရစ္ဆာန်​များ​နှင့်​ပြည့်​လိမ့်မည်​။ ထို​မြို့​၌ ငှက်ကုလားအုတ်​များ နေ​ကြ​၍ တောဆိတ်​များ ခုန်ပေါက်​ကြ​လိမ့်မည်​။ တောခွေး​တို့​သည် ထို​မြို့​၏​ခံတပ်​တို့​၌​လည်းကောင်း​၊ ခွေးအ​တို့​သည် ဇိမ်ခံ​ရာ​နန်းတော်​တို့​၌​လည်းကောင်း အူ​ကြ​လိမ့်မည်​။ ထိုသို့ ထို​မြို့​၏​အချိန်​သည် မကြာမီ​ရောက်လာ​မည်​။ ထို​မြို့​တည်​ရ​မည့်​နေ့ရက် ကြာရှည်​တော့​မည်​မ​ဟုတ်​။