YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 13

13
ဗာ​ဗု​လုန်​ကိုဒဏ်​ခတ်​မည်
1ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊#ဟေရှာ၊ ၄၇:၁-၁၅။ ယေ၊ ၅၀:၁-၅၁:၆၄။ 2ရှင်း​လင်း​သော​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ။ ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ကြ။ လက်​ကို​လှုပ်​ကြ။ သူ​တို့​သည် မင်း​တို့​နေ​ရာ တံ​ခါး​များ​ကို ဝင်​ကြ​စေ။ 3ငါ​သန့်​ရှင်း​စေ​သော​သူ​တို့​ကို ငါ​မှာ​ထား​ပြီ။ ငါ​ပေး​သော​ဘုန်း​အာ​နု​ဘော်​ကြောင့် ဝမ်း​မြောက်​သော​သူ၊ ငါ၏​သူ​ရဲ​တို့​ကို ငါ့​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ငါ​ခေါ်​ပြီ။ 4ကြီး​စွာ​သော အ​လုံး​အ​ရင်း၏​အ​သံ​ကဲ့​သို့ တောင်​တို့​အ​ပေါ်​မှာ လူ​များ၏​အ​သံ​ဗ​လံ၊ စု​ဝေး​သော တိုင်း​သူ​ပြည်​သား​များ​တို့၏ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ဗ​လံ​ရှိ​သည်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် စစ်​တိုက်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ကို စီ​ရင်​ခင်း​ကျင်း​တော်​မူ၏။ 5ထာ​ဝ​ရ​ဘု​ရား​နှင့် အ​တူ​တ​ကွ အ​မျက်​တော်​လက်​နက်​တို့​သည် တစ်​ပြည်​လုံး​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ဝေး​သော​ပြည်၊ ကောင်း​ကင်​စွန်း​မှ​လာ​ကြ၏။
6ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။#ယော​လ၊ ၁:၁၅။ 7ထို​ကြောင့်၊ ရှိ​သ​မျှ​သော​လက်​တို့​သည် ကျ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည် စိတ်​ပျက်၍ ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 8နာ​ခြင်း​ဝေ​ဒ​နာ​အ​မျိုး​မျိုး​ကို ခံ​ရ​ကြ​လိမ့်​မည်။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ​လျက်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍ မှိုင်​တွေ​သ​ဖြင့်၊ သူ​တို့​မျက်​နှာ​သည် မီး​လျှံ​အ​ဆင်း​ရှိ​လိမ့်​မည်။ 9ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။ 10မိုး​ကောင်း​ကင်​ကြယ်​န​က္ခတ်​တို့​သည် အ​လင်း​ကို​မ​ပေး။ နေ​သည်​လည်း ထွက်​သော​အ​ခါ​မိုက်​လျက်၊ လ​သည်​လည်း မ​ထွန်း​မ​လင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။#ယေ​ဇ၊ ၃၂:၇။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃။ ၈း၁၂။ 11ထို​လော​ကီ​နိုင်​ငံ၏​အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့၏​ဒု​စ​ရိုက်​များ​ကို​လည်း​ကောင်း ငါ​စစ်​ကြော​မည်။ မာ​န​ကြီး​သော​သူ​တို့၏​ထောင်​လွှား​ခြင်း​ကို ငါ​နှိပ်​စက်၍၊ ကြမ်း​ကြုတ်​သော​သူ​တို့၏ စော်​ကား​ခြင်း​ကို ငါ​နှိမ့်​ချ​မည်။ 12လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။ 13သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဒေါ​သ​အ​မျက်​တော်​ပြင်း​စွာ​ထွက်​သော​နေ့​ရက်၌၊ မိုး​ကောင်း​ကင်​ကို ငါ​လှုပ်​ရှား​မည်။ မြေ​ကြီး​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​ရ​လိမ့်​မည်။ 14ပြည်​သား​တို့​သည် ကြောက်၍ ပြေး​သော​ဒ​ရယ်​မ၊ ထိန်း​သိမ်း​သူ​မ​ရှိ​သော သိုး​များ​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို မျက်​နှာ​ပြု၍၊ အ​သီး​အ​သီး မိ​မိ​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။ 15တွေ့​မိ​သ​မျှ​သော သူ​တို့​ကို လှံ​နှင့်​ထိုး​ရ၏။ စု​ဝေး​လျက်​ရှိ​သော သူ​အ​ပေါင်း​တို့​လည်း ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။ 16သူ​တို့​သား​သ​မီး​များ​ကို သူ​တို့​မျက်​မှောက်၌ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​လိမ့်​မည်။ သူ​တို့​အိမ်​များ​ကို လု​ယက်၍၊ သူ​တို့​မ​ယား​များ​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။
17ကြည့်​ရှု​လော့။ ငွေ​ကို ပ​မာ​ဏ​မ​ပြု၊ ရွှေ​ကို အ​လို​မ​ရှိ​သော မေ​ဒိ​လူ​များ​ကို သူ​တို့​တစ်​ဖက်၌ ငါ​နှိုး​ဆော်​မည်။ 18သူ​တို့​သည် လူ​ပျို​တို့​ကို လေး​နှင့် ရိုက်​ခတ်​ကြ​လိမ့်​မည်။ အ​က​လေး​တို့​ကို မ​သ​နား​ကြ။ သူ​တို့​မျက်​စိ​သည် သူ​ငယ်​တို့​ကို မ​နှ​မြော​ရ။ 19တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။#က၊ ၁၉:၂၄။ 20ထို​မြို့၌ ကာ​လ​အ​စဉ်၊ လူ​မျိုး​အ​ဆက်​ဆက် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ထို​မြို့၌ အာ​ရပ်​လူ​သည် တဲ​ကို​မျှ​မ​ဆောက်​ရ။ သိုး​ထိန်း​တို့​သည် သိုး​ခြံ​ကို​မျှ မ​လုပ်​ရ​ကြ။ 21တော​သား​ရဲ​တို့​သည် ထို​မြို့၌ အိပ်​ကြ​လိမ့်​မည်။ အိမ်​တို့​သည် မြည်​တတ်​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။ ကု​လား​အုတ်ငှက်​တို့​လည်း နေ​ရာ​ကျ၍၊ မျောက်​တို့​လည်း က​ခုန်​ကြ​လိမ့်​မည်။#ဟေ​ရှာ၊ ၃၄:၁၄။ ဇေ၊ ၂:၁၄။ ဗျာ၊ ၁၈:၂။ 22တော​ခွေး​တို့​သည်​လည်း၊ ဘုံ​ဗိ​မာန်​များ၌​လည်း​ကောင်း၊ မြေ​ခွေး​တို့​သည်​လည်း၊ ကြက်​သ​ရေ​တိုက်​များ၌​လည်း​ကောင်း၊ အူ​ကြ၊ မြည်​ကြ​လိမ့်​မည်။ ထို​သို့​သော​ကာ​လ​နီး​လှ​ပြီ။ ထို​မြို့၏​အ​သက်​တာ မ​ရှည်​ရ။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။