YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 1:1-31

ဟေရှာယ 1:1-31 Judson Bible (JBMLE)

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်​၌၊ အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ​၍၊ ယု​ဒ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဖြစ်​၍၊ အို ကောင်း​ကင်၊ ကြား​လော့။ အို​မြေ​ကြီး၊ နား​ထောင်​လော့။ မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊ ငါ​ကျွေး​မွေး​ပြု​စု​သော သား​သ​မီး​တို့​သည် ငါ့​ကို​ပုန်​ကန်​ကြ​ပြီ။ နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။ ဆိုး​ယုတ်​သော​အ​မျိုး၊ ဒု​စ​ရိုက်​ဝန်​ကို ထမ်း​ရွက်​သော​လူ​စု၊ မ​တ​ရား​သ​ဖြင့်​ပြု​သော​အ​နွယ်၊ ဖောက်​ပြန်​သော သား​သ​မီး​ပါ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​ရို​မ​သေ​ပြု​၍ ပယ်​ကြ​ပြီ။ ကျော​ခိုင်း​၍ ခွာ​သွား​ကြ​ပြီ။ သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ခေါင်း​တိုင်​အောင် ကျန်း​မာ​ခြင်း​မ​ရှိ။ စုတ်​ရှ​သော​အ​နာ၊ ထိ​ခိုက်​၍​ရောင်​သော​အ​နာ၊ ရိ​ရွဲ​သော​အ​နာ​သက်​သက်​ရှိ​၏။ ထို​အ​နာ​များ​ကို မ​နှိပ်​မ​နယ်​ရ။ အ​ဝတ်​နှင့်​မ​စည်း​ရ။ ဖ​ယောင်း​ဆီ​နှင့် မ​ပျော့​စေ​ရ​သေး။ သင်​တို့​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​၏။ သင်​တို့ မြို့​များ​ကို မီး​လောင်​ပြီ။ သင်​တို့​မြေ​ကို​လည်း တ​စ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​မျက်​မှောက်​၌​စား​ကြ​၏။ ရန်​သူ​ဖျက်​ပြီး​သ​ကဲ့​သို့၊ လူ​ဆိတ်​ညံ​လျက်​ရှိ​၏။ ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။ သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပူ​ဇော်​သော​ယဇ်​များ​ကို ငါ​သည်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ မီး​ရှို့​၍ ပူ​ဇော်​သော​သိုး​ကောင်၊ ဆူ​ဖြိုး​အောင်​ကျွေး​သော​တိ​ရ​စ္ဆာန်​တို့​၏​ဆီ​ဥ​နှင့် ငါ​ဝ​ပြီ။ နွား​နှင့် သိုး​သ​ငယ်၊ ဆိတ်​တို့​၏​အ​သွေး​ကို ငါ​မ​နှစ်​သက်။ သင်​တို့​သည် ငါ​ရှေ့​မှာ မျက်​နှာ​ပြ​ခြင်း​ငှာ​လာ​ကြ​သော​အ​ခါ၊ ငါ့​တံ​တိုင်း​တော်​ကို ကျော်​နင်း​သော​သင်​တို့​၌ ထို​သို့​သော​ဝတ်​ကို အ​ဘယ်​သူ​တောင်း​သ​နည်း။ အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။ ငါ့​ဝိ​ညာဉ်​သည် သင်​တို့​လ​ဆန်း​နေ့​များ​နှင့်၊ သင်​တို့​ပွဲ​များ​ကို​မုန်း​၏။ ငါ့​ကို​နှောင့်​ယှက်​စ​ရာ​ဖြစ်​၏။ သည်း​ခံ​ခြင်း​အား​ဖြင့် ငါ​ပင်​ပန်း​၏။ သင်​တို့​သည်​လက်​ဝါး​တို့​ကို ဖြန့်​ကြ​သော​အ​ခါ၊ ငါ​သည်​မျက်​စိ​ကို​လွှဲ​မည်။ များ​စွာ​သော​ပ​တ္ထ​နာ​ကို​ပြု​ကြ​သော​အ​ခါ၊ ငါ​သည်​နား​မ​ထောင်။ သင်​တို့​လက်​တို့​သည် အ​သွေး​နှင့် ပြည့်​ကြ​၏။ ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သင်​တို့​သည် ကြည်​ညို​နား​ထောင်​လျှင်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​၊ ငြင်း​ဆန်​ပုန်​ကန်​လျှင် ဓား​လက်​နက်​ဖြင့် ဆုံး​ရ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​တော်​ထွက်​အ​မိန့်​တော်​ရှိ​၏။ သ​စ္စာ​ရှိ​သော​မြို့​သည် အ​ဘယ်​သို့ မျောက်​မ​ထား​ပြန်​သ​နည်း။ အ​ထက်​က ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့်​ပြည့်​၏။ တ​ရား​သည် သူ​၏​အ​ထဲ​မှာ နေ​ရာ​ကျ​၏။ ယ​ခု​မူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​၏။ သင်​၏​ငွေ​သည်​လည်း ချော်​ဖြစ်​လေ​ပြီ။ သင်​၏​စ​ပျစ်​ရည်​သည် ရေ​နှင့် ရော​လျက်​ရှိ​၏။ သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။ သင့်​ကို​လည်း ငါ​ကိုင်​ယူ​ပြီး​လျှင်၊ ချော်​နှင့် ရှင်း​ရှင်း​ကင်း​စင်​စေ​၍ သင်​၏​ကြေး​ဖြူ​ရှိ​သ​မျှ​ကို​လည်း ပယ်​ရှား​မည်။ သင်​၏​တ​ရား​သူ​ကြီး​တို့​နှင့် တိုင်​ပင်​မှူး​မတ်​တို့​ကို ရှေ့​ဦး​စွာ​ခန့်​ထား​သည်​နည်း​တူ၊ တ​စ်​ဖန်​ငါ​ခန့်​ထား​ဦး​မည်။ ထို​နောက်​မှ၊ သင်​၏​နာ​မ​ကို တ​ရား​သော​မြို့၊ သ​စ္စာ​စောင့်​သော​မြို့​ဟု သ​မုတ်​ကြ​လိမ့်​မည်။ ဇိ​အုန်​မြို့​သည် တ​ရား​အား​ဖြင့်​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​တို့​သည် ဖြောင့်​မတ်​သော​အား​ဖြင့်​လည်း​ကောင်း၊ ရွေး​နုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ လွန်​ကျူး​သော​သူ​နှင့် ပြစ်​မှား​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​အ​တူ​ရောက်​၍၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရွက်​နွမ်း​သော​သ​ပိတ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ရှိ​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။

ဟေရှာယ 1:1-31 Common Language Bible (BCL)

ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​က``အို ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​တို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ကို​နား​ထောင်​ကြ​လော့။ ငါ​ကျွေး​မွေး​ပြု​စု​ထား​သည့်​သား​သ​မီး​များ​သည်​ငါ့​အား​ပုန်​ကန်​ကြ​လေ​ပြီ။- ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။ ``အ​ချင်း​အ​ပြစ်​ကူး​သည့်​လူ​မျိုး၊ ဖောက်​ပြန်​တတ်​သူ​ဒု​စ​ရိုက်​သ​မား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ​ကြ​ပါ​သည်​တ​ကား။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​လျက် ကိုယ်​တော်​ကို​ကျော​ခိုင်း​ကြ​လေ​ပြီ။- သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။- ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။ သင်​တို့​၏​ပြည်​သည်​ပျက်​ပြုန်း​ရ​၍၊ သင်​တို့​၏​မြို့​တို့​သည်​လည်း​ပြာ​ပုံ​ဆိုက်​ကြ​လေ​ပြီ။ သင်​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ပင်​တိုင်း​တစ်​ပါး​သား​တို့​သည် သင်​၏​နယ်​မြေ​ကို​သိမ်း​၍​အ​ရာ​ခပ်​သိမ်း​ကို​ဖျက်​ဆီး​စေ​ကြ​ပြီ။- အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။ အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​အုပ်​စိုး​သော​မင်း​များ​နှင့် သင်​၏​မြို့​သူ​မြို့​သား​တို့​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​မှ​လူ​တို့​နှင့်​တူ​ကြ​၏။ သင့်​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော်​ကို​နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​သော​အ​ရာ​ကို​အာ​ရုံ​ပြု​လော့။- ကိုယ်​တော်​က`သင်​တို့​ဆက်​ကာ​ဆက်​ကာ​ပူ​ဇော်​လျက်​ရှိ​သည့်​ယဇ်​တို့​ကို​ငါ​အ​လို​ရှိ​တော်​မူ​သည်'' ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​သိုး​များ​နှင့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​တို့​၏​ဆီ​ဥ​များ​ကို​ငါ​ငြီး​ငွေ့​တော်​မူ​ပြီ။ သိုး​နွား​ဆိတ်​တို့​၏​သွေး​များ​ကို​လည်း​ငါ​မ​နှစ်​သက်​တော့​ပေ။- သင်​တို့​ငါ့​ထံ​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​အ​ခါ ထို​အ​ရာ​များ​ကို​ယူ​ဆောင်​လာ​ရ​ကြ​မည်​ဟု​သင်​တို့​အား​အ​ဘယ်​သူ​စေ​ခိုင်း​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သင်​တို့​အား​ငါ​၏​ဗိ​မာန်​တော်​တွင် ဤ​သို့​ရှုပ်​ယှက်​ခတ်​သွား​လာ​စေ​ပါ​သ​နည်း။- သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။- သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ​နှင့်​မြင့်​မြတ်​သန့်​ရှင်း​သော​နေ့​များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​သ​ဘင်​များ​သည်​ငါ​မ​ထမ်း​လို​တော့​သည့်​ဝန်​ထုပ်​ဖြစ်​ပေ​သည်။ ``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။- သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊- သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။- အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း​ဆန်​၍ ငါ့​အား​အာ​ခံ​ကြ​မည်​ဆို​လျှင်​မူ​ကား သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က​သစ္စာ​ရှိ​ခဲ့​သော​မြို့​သည် ယ​ခု​အ​ခါ​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင်​လျက်​နေ​ပါ​သည်​တ​ကား၊ အ​ခါ​တစ်​ပါး​က​ထို​မြို့​တွင်​သူ​တော်​ကောင်း​များ​နေ​ထိုင်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​သူ​သတ်​သ​မား​များ​သာ​လျှင်​ကျန်​ရှိ​နေ​တော့​၏။- အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​အ​ခါ​တစ်​ပါး​က​ငွေ​နှင့်​တူ​ခဲ့​၏။ ယ​ခု​မူ​ကား​တန်​ဖိုး​မဲ့​ဖြစ်​၍​နေ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​သင်​သည်​စ​ပျစ်​ရည်​ကောင်း​နှင့်​တူ​ခဲ့​၏။ ယ​ခု​မှာ​မူ​ရေ​ပ​က​တိ​ဖြစ်​၍​နေ​တော့​၏။- သင်​၏​ခေါင်း​ဆောင်​တို့​သည်​လည်း​သူ​ပုန်​များ၊ သူ​ခိုး​လက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​တံ​စိုး​လက်​ဆောင်​များ​ကို​လက်​ခံ​လျက်​နေ​ကြ​သော်​လည်း တ​ရား​ရုံး​တော်​တွင်​မိ​ဘ​မဲ့​သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မှု​ကို​မ​ပြု​ကြ။ မု​ဆိုး​မ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​လည်း​ကြား​နာ​စစ်​ဆေး​၍​မ​ပေး​ကြ။ သို့​ဖြစ်​၍​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား​ကို​ယ​ခု​နား​ထောင်​လော့။ ကိုယ်​တော်​က``ငါ​သည်​မိ​မိ​၏​ရန်​သူ​တည်း​ဟူ​သော​သင်​တို့​အား​လက်​စား​ချေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​မျှ​ဒုက္ခ​ပေး​နိုင်​ကြ​တော့​မည်​မ​ဟုတ်။- ငါ​သည်​သင့်​အား​အ​ရေး​ယူ​အ​ပြစ်​ပေး​မည်။ သတ္တု​၏​ချေး​ညှော်​များ​ကို​ချွတ်​သည့်​နည်း​တူ သင်​၏​အ​ညစ်​အ​ကြေး​များ​ကို​လည်း​ချွတ်​၍ သင့်​အား​သန့်​စင်​အောင်​ငါ​ပြု​မည်။- ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ယေ​ရု​ရှ​လင်​မြို့​နှင့်​နောင်​တ​ရ​သူ​မှန်​သ​မျှ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ကူး​လွန်​သူ​နှင့် မိ​မိ​ကို​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အား​ချေ​မှုန်း​ပစ်​တော်​မူ​လိမ့်​မည်။ မိ​မိ​အား​စွန့်​ပစ်​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။ သင်​သည်​သစ်​ပင်​များ​ကို​ဝတ်​ပြု​ရှိ​ခိုး​မိ​ခဲ့​သည့်​အ​တွက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​မိ​ခဲ့​သည့်​အ​တွက်​ဝမ်း​နည်း​ရ​လိမ့်​မည်။- သင်​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​သော​ဝက်​သစ်​ချ​ပင်​နှင့် ရေ​မ​လောင်း​သည့်​ဥ​ယျာဉ်​ကဲ့​သို့​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​လိမ့်​မည်။- သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။

ဟေရှာယ 1:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး လက်ထက်​၌ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်နိမိတ်​။ အို ကောင်းကင်​၊ နားထောင်​လော့​။ အို မြေကြီး​၊ စူးစိုက်​နားထောင်​လော့​။ ထာဝရဘုရား​က “​ငါ​သည် သားသမီး​တို့​ကို ကျွေးမွေး​ပြုစု​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်ပုန်ကန်​ကြ​ပြီ​။ နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။ အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။ သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။ ဦးခေါင်း​မှ ခြေဖျား​တိုင်အောင် အနာနှင့်ကင်း​သည်​ဟူ၍ မ​ရှိ​။ ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​၊ သွေးစိမ်းထွက်​သော​အနာ​တို့​ဖြင့်​သာ​ပြည့်​နေ​၏​။ အနာ​ကို​မ​ဆေးကြော​၊ မ​ပတ်စည်း​၊ ဆီ​နှင့်​မ​လူး​ကြ​ပါ​တကား​။ သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။ ဇိအုန်​သမီး​သည် စပျစ်ခြံ​ထဲက တဲ​ကဲ့သို့​၊ သခွားခင်း​ထဲက ယာတဲ​ကဲ့သို့​၊ ရန်သူဝိုင်း​ထား​သော​မြို့​ကဲ့သို့ ကျန်ရစ်​ခဲ့​လေ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​တွင် အသက်ရှင်​ကျန်ရစ်​သူ​အနည်းငယ်​ကို​မျှ ချန်ထား​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်၍ ဂေါမောရ​မြို့​နှင့်​တူ​ပေ​လိမ့်မည်​။ သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။ ထာဝရဘုရား​က “​သင်​တို့​၏​များစွာ​သော​ယဇ်​တို့​သည် ငါ့​အတွက်​မည်သည့်​အကျိုး​ရှိ​သနည်း​။ မီးရှို့​ပူဇော်​သော​သိုးထီး​၊ ဆူဖြိုး​သော​တိရစ္ဆာန်​၏​အဆီ​ကို ငါ​မလို​တော့​ပြီ​။ နွားထီး​၊ သိုးသငယ်​၊ ဆိတ်ထီး​တို့​၏​သွေး​ကို​လည်း ငါ​မ​နှစ်သက်​။ သင်​တို့​သည် ငါ့​ထံ၌ မျက်နှာလာပြ​ကြ​သောအခါ ငါ့​အိမ်​တော်​ဝင်း​ကို နင်းချေ​၍ ထိုသို့သော​ယဇ်​ကို​ပူဇော်​ရန် မည်သူ​တောင်းဆို​သနည်း​။ အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။ ငါ့​ဝိညာဉ်​သည် သင်​တို့​ကျင်းပ​သော လဆန်းနေ့ပွဲ​များ​၊ သတ်မှတ်​ထား​သော​ပွဲ​များ​ကို မုန်း​၏​။ ငါ့​အတွက် ဝန်ထုပ်ဝန်ပိုး​ကဲ့သို့​ဖြစ်​၏​။ ငါ​ထမ်း​ထား​ရ​သည်​မှာ ပင်ပန်း​လှ​၏​။ သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။ ကောင်း​သော​အမှု​ကို​ပြု​ရန် သင်ယူ​ကြ​လော့​။ တရားမျှတမှု​ကို ရှာ​ကြ​လော့​။ အဖိနှိပ်​ခံရ​သူ​ကို ကူမ​ကြ​လော့​။ ဖတဆိုး​ဘက်​မှ တရားသဖြင့်စီရင်​ကြ​လော့​။ မုဆိုးမ​ဘက်​မှ ရင်ဆိုင်ဖြေရှင်း​ပေး​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ သင်​တို့​သည် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် နာခံ​ကြ​လျှင် မြေကြီး​၏​အကောင်းဆုံး​သော​အရာ​ကို စား​ရ​မည်​။ သို့သော် သင်​တို့ ငြင်းဆန်​ပုန်ကန်​ကြ​လျှင် ဓား​ဖြင့်​အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဤသည်ကား ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ဖြစ်​၏​။ သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။ သင်​၏​ငွေ​သည် ချော်​ဖြစ်သွား​ပြီ​။ သင်​၏​အကောင်းဆုံးဝိုင်​သည် ရေ​နှင့်​ရော​လေ​ပြီ​။ သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​တို့​၏​တန်ခိုးကြီး​သော​အရှင်​က “​ငါ့​ကို​ရန်ပြုသောသူ​တို့​ကို ငါ​ကျေနပ်​သည်​အထိ ငါ​ပြု​မည်​။ ငါ့​ရန်သူ​တို့​ကို ငါ​ကိုယ်တိုင် လက်တုံ့ပြန်​မည်​။ ပြီးလျှင် ငါ့​လက်​ကို သင့်​အပေါ်​သို့ ပြန်ရောက်​စေ​မည်​။ သင်​၌​ကပ်​နေ​သော​ချော်​ကို ပြာရည်​ဖြင့်​ချွတ်ပစ်​၍ သင်​၌​ရောနေသောခဲ​ကို ငါ​အကုန်​ဖယ်ရှား​မည်​။ သင်​၏​တရားသူကြီး​တို့​ကို ယခင်​က​ကဲ့သို့​၊ သင်​၏​အကြံပေးသူ​တို့​ကို မူလအစ​က​ကဲ့သို့ ပြန်လည်​ခန့်ထား​မည်​။ သို့ပြီးမှ သင်​၏​မြို့​ကို ဖြောင့်မတ်​သော​မြို့​၊ သစ္စာရှိ​သော​မြို့​ဟု ခေါ်ဝေါ်​ကြ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ဆန့်ကျင်ပုန်ကန်​သူ​နှင့် အပြစ်​ကျူးလွန်​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို စွန့်ခွာ​သော​သူ​တို့​သည် အပြီးသတ်​သုတ်သင်​ခြင်း​ခံရ​မည်​။ အကယ်စင်စစ် သူ​တို့​သည် သင်​တို့​တပ်မက်​ခဲ့​သော​ဝက်သစ်ချပင်​တို့​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ သင်​တို့ ရွေးချယ်​ခဲ့​သော​ဥယျာဉ်​တို့​ကြောင့် မျက်နှာပျက်​ရ​လိမ့်မည်​။ အမှန်ပင် သင်​တို့​သည် အရွက်​ညှိုးနွမ်း​သော​သပိတ်ပင်​ကဲ့သို့​၊ ရေ​မ​ရှိ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။