YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 4:1-19

ဟောရှေ 4:1-19 Judson Bible (JBMLE)

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​သူ​ပြည်​သား​တို့​နှင့် တ​ရား​တွေ့​မှု​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သ​စ္စာ​မ​ရှိ၊ က​ရု​ဏာ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။ ထို​ကြောင့်၊ ပြည်​သည် ငြို​ငြင်​လိမ့်​မည်။ ပြည်​သား​အ​ပေါင်း​တို့​နှင့် တ​ကွ၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ပင်​လယ်​ငါး​တို့​သည်​လည်း ကုန်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ အ​ဘယ်​သူ​မျှ မ​ဆီး​တား​စေ​နှင့်။ အ​ဘယ်​သူ​မျှ မ​ဆုံး​မ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။ ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။ သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။ ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။ ထို​ကြောင့်၊ လူ​တို့၌​ဖြစ်​သ​ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်၌ ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ကျင့်​များ​ကို ငါ​စစ်​ကြော၍၊ အ​သီး​အ​သီး ပြု​မူ​သ​မျှ​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​မည်။ သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​ကို ယစ်​မူး​စေ​တတ်​သော ကာ​မ​ဂုဏ်၌ ပျော်​မွေ့​ခြင်း၊ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို သောက်​ခြင်း၌ မှီ​ဝဲ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​ပြီ။ ငါ့​လူ​တို့​သည် သစ်​သား​နှင့် တိုင်​ပင်​တတ်​ကြ၏။ သူ​တို့၏​တောင်​ဝှေး​သည် အ​ကြံ​ပေး​တတ်၏။ ကိ​လေ​သာ​စိတ်​အား​ကြီး​သော​ကြောင့်၊ သူ​တို့​သည်​လမ်း​လွှဲ၍ မိ​မိ​တို့​ဘု​ရား​သ​ခင့်​ထံ​မှာ မ​နေ၊ မှား​ယွင်း​တတ်​ကြ၏။ တောင်​ထိပ်​ပေါ်၊ ကုန်း​ပေါ်​မှာ​လည်း​ကောင်း အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​မျိုး၊ လိ​ဗ​နာ​ပင် အောက်​မှာ​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​ကြောင့်၊ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍၊ ချွေး​မ​တို့​သည် မျောက်​မ​ထား​တတ်​ကြ၏။ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍ ချွေး​မ​တို့​သည် မျောက်​မ​ထား​သော်​လည်း ငါ​မ​စစ်​ကြော၊ အ​ကြောင်း​မူ​ကား၊ ယောက်ျား​တို့​သည် ကိုယ်​မ​ယား​ကို​စွန့်​ပစ်၍ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​တတ်​ကြ၏။ မိန်း​မ​ရွှင်​တို့​နှင့်​အ​တူ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ သို့​ဖြစ်၍ ပ​ညာ​မ​ရှိ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး​သည် ရုန်း​တတ်​သော​နွား​မ​ပျို​ကဲ့​သို့ ဆန့်​ကျင်​ဘက်​ပြု​တတ်၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​သော​အ​ရပ်၌ သိုး​သ​ငယ်​ကို ထိန်း​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြု​တော်​မူ​မည်။ ဧ​ဖ​ရိမ်​သည် ရုပ်​တု​တို့၌ စွဲ​ကပ်​လျက်​ရှိ၏။ သူ့​ကို​တတ်​တိုင်း​ရှိ​စေ​လော့။ သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။ လေ​သည် မိ​မိ​အ​တောင်​တို့​နှင့်​တိုက်၍ ပါ​သွား​မည်။ သူ​တို့​သည် မိ​မိ​တို့​ပူ​ဇော်​သော​ယဇ်​များ​ကြောင့် ရှက်​ကြ​လိမ့်​မည်။

ဟောရှေ 4:1-19 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။- သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။- သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။- သင်​တို့​သည်​နေ့​ရော​ည​ပါ​ချွတ်​ချော်​လွဲ မှား​ကြ​၏။ ပ​ရော​ဖက်​တို့​သည်​လည်း​ထို နည်း​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​၏​မိ​ခင် ဖြစ်​သော​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ဖျက်​ဆီး မည်။- ငါ​၏​လူ​မျိုး​တို့​သည်​ငါ့​ကို​အ​သိ​အ​မှတ် မ​ပြု​သော​ကြောင့် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ကို​အ​သိ​အ​မှတ်​မ​ပြု​ဘဲ ငါ​၏​သြ​ဝါ​ဒ ကို​လည်း​လက်​မ​ခံ​ကြ​သော​ကြောင့် ငါ​သည် သင်​တို့​ကို​ပစ်​ပယ်​ပြီ။ သင်​တို့​၏​သား​များ ကို​လည်း​ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​မည်​မ​ဟုတ်။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဦး​ရေ​များ လာ​သည်​နှင့်​အ​မျှ​ငါ့​ကို​သင်​တို့​ပြစ်​မှား ကူး​လွန်​မှု​များ​လာ​၏။ ထို့​ကြောင့်​ငါ​သည် သင်​တို့​ဂုဏ်​သိက္ခာ​ကို​ရှုတ်​ချ​မည်။- သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။- သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။- သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။- ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။- သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။- သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။ ``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။- သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။ ``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။- ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။- ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​၌​စွဲ​လန်း​ကြ​၏။ ရှိ​စေ တော့။- သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ပျော်​ပါး​ကြ​၏။ သူ​တို့ သည်​ဂုဏ်​ရှိ​စေ​မည့်​အ​မှု​ထက်​အ​ရှက်​ကွဲ စေ​မည့်​အ​မှု​ကို​နှစ်​သက်​ကြ​၏။- သူ​တို့​သည်​လေ​တိုက်​ရာ​ပါ​သွား​သ​ကဲ့​သို့ လွင့်​စင်​သွား​ကြ​လိမ့်​မည်။ နတ်​ဘု​ရား​များ ကို​ပူ​ဇော်​ပ​သ​ခဲ့​ခြင်း​ကြောင့်​ရှက်​ကြ​လိမ့် မည်။

ဟောရှေ 4:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။ တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။ သို့သော် အဘယ်သူ​ကို​မျှ အပြစ်​မ​တင်​နှင့်​။ အဘယ်သူ​ကို​မျှ မ​ဆုံးမ​နှင့်​။ သင်​၏​လူ​တို့​သည် ယဇ်ပုရောဟိတ်​ကို အပြစ်တင်​သော​သူ​ဖြစ်​၏​။ သင်​သည် နေ့​အချိန်​၌ ခလုတ်တိုက်​လဲ​လိမ့်မည်​။ ညအချိန်​တွင် ပရောဖက်​သည်​လည်း သင်​နှင့်အတူ ခလုတ်တိုက်​လဲ​လိမ့်မည်​။ သင့်​အမိ​ကို​လည်း ငါ​ဖျက်ဆီး​မည်​။ ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။ သူ​တို့​သည် လူဦးရေ​တိုးလာ​သည်​နှင့်အမျှ ငါ့​ကို​ဆန့်ကျင်​၍ အပြစ်ပြု​ကြ​လေ​ပြီ​။ ထို့ကြောင့် သူ​တို့​၏​ဂုဏ်သရေ​ကို အရှက်ကွဲ​ခြင်း​နှင့် လဲပစ်​မည်​။ ငါ့​လူမျိုး​တော်​၏​အပြစ်ဖြေရာယဇ်ကောင်​ကို စား​ရ​သောကြောင့် လူ​တို့​အပြစ်​ပြု​သည်​ကို သူ​တို့​နှစ်သက်​သဘောကျ​ကြ​၏​။ လူမျိုး​တော်​ခံရ​သကဲ့သို့ ယဇ်ပုရောဟိတ်​လည်း ခံရ​မည်​။ သူ​တို့​လျှောက်​သော​လမ်း​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​၏​အပြုအမူ​အတိုင်း သူ​တို့​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​စကား​ကို​မ​လိုက်နာ​၊ ထာဝရဘုရား​ကို​စွန့်ပယ်​သောကြောင့် အစာ​စား​ရ​သော်လည်း တင်းတိမ်​မည်​မ​ဟုတ်​၊ ပြည့်တန်ဆာလုပ်​သော်လည်း သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။ ဖောက်ပြန်မှားယွင်း​ခြင်း​နှင့် စပျစ်ဝိုင်​အဟောင်း​၊ စပျစ်ဝိုင်​အသစ်​တို့​သည် သူ​တို့​၏​အသိစိတ်​ကို အနိုင်ယူ​သွား​လေ​ပြီ​။ ငါ့​လူမျိုး​တော်​သည် သစ်သား​ရုပ်တု​ကို မေးမြန်း​တတ်​၏​။ တောင်ဝှေး​သည်​လည်း သူ​တို့​ကို ပြောပြ​တတ်​၏​။ ပြည့်တန်ဆာ​ပြု​လို​စိတ်​ကြောင့် လမ်းလွဲ​၍ ဘုရားသခင်​ကို​စွန့်ပယ်​ကာ ပြည့်တန်ဆာလုပ်​ကြ​၏​။ သူ​တို့​သည် တောင်ထိပ်​များ​ပေါ်တွင် ယဇ်ပူဇော်​ပြီး တောင်ကုန်း​များ​ပေါ်တွင်​လည်းကောင်း​၊ အရိပ်​ကောင်း​သော​ဝက်သစ်ချပင်​၊ ပေါ့ပလာပင်​၊ သပိတ်ပင်​တို့​အောက်​တွင်​လည်းကောင်း နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ ထို့ကြောင့် သင်​တို့​၏​သမီး​တို့​သည် ပြည့်တန်ဆာလုပ်​ပြီး ချွေးမ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။ ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။ အို အစ္စရေး​၊ သင်​သည် ပြည့်တန်ဆာလုပ်​ရာ​တွင် ယုဒ​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​နှင့်​။ ဗေသဝင်​မြို့​သို့ တက်​မ​သွား​နှင့်​။ ‘ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ’​ဟု မ​ကျိန်ဆို​နှင့်​။ နွားမတမ်း​ခေါင်းမာ​သကဲ့သို့ အစ္စရေး​သည်​လည်း ခေါင်းမာ​၏​။ ထာဝရဘုရား​သည် သူ​တို့​ကို သိုးသငယ်​ကဲ့သို့ စားကျက်ပြင်​တွင် ထိန်းကျောင်း​ဦး​မည်လော​။ ဧဖရိမ်​အမျိုး​သည် ရုပ်တု​များ​နှင့် တစ်သားတည်း​ဖြစ်​လေ​ပြီ​။ သူ့​ကို ရှိ​စေ​တော့​။ သူ​တို့​သည် စပျစ်ဝိုင်​ယစ်မူး​ပြီး ပြည့်တန်ဆာ​နှင့်​ဖောက်ပြန်မှားယွင်း​ကြ​၏​။ သူ​တို့​၏​အကြီးအကဲ​တို့​သည်​လည်း ရှက်ဖွယ်​အမှု​ကို အလွန်​နှစ်သက်​ကြ​၏​။ လေ​သည် သူ​တို့​ကို အတောင်ပံ​များ​နှင့်​ရစ်ပတ်​လေ​ပြီ​။ သူ​တို့​ပူဇော်​သော​ယဇ်​များ​ကြောင့် အရှက်ကွဲ​ရ​ကြ​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။