YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 3:1-5

ဟောရှေ 3:1-5 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဖူး​မျှော်၍၊ စ​ပျစ်​သီး​ပျဉ်​ကို အ​လို​ရှိ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သည်​နည်း​တူ၊ မိ​မိ​ခင်​ပွန်း၏ ချစ်​ခြင်း​ကို​ခံ​လျက် မျောက်​မ​ထား​သော မိန်း​မ​ကို သွား၍​ချစ်​ဦး​လော့​ဟု ငါ့​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​မိန်း​မ​ကို ငွေ​တစ်​ဆယ်​ငါး​ကျပ်၊ မု​ယော​ဆန်​တစ်​ဟော​မဲ​ခွဲ​နှင့် ငါ​ရွေး​ပြီး​မှ၊ သင်​သည် ငါ့​အ​ဖို့ နေ့​ရက်​များ​စွာ​စောင့်၍ နေ​ရ​မည်။ ပြည့်​တန်​ဆာ မ​လုပ်​ရ။ အ​ခြား​သော​ယောက်ျား​နှင့် မ​ပေါင်း​ဖော်​ရ။ သို့​ပြု​လျှင်၊ သင့်​အ​ဖို့ ငါ​စောင့်၍​နေ​မည်​ဟု ပြော​ထား၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

ဟောရှေ 3:1-5 Common Language Bible (BCL)

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သွား ၍​လင်​ငယ်​နှင့်​ဖောက်​ပြန်​နေ​သော​မိန်း​မ​ကို​ချစ် လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​ခြား ဘု​ရား​များ​ကို​ကိုး​ကွယ်​၍ ရုပ်​ပွား​ဆင်း​တု​တို့ အား​စ​ပျစ်​သီး​ခြောက်​များ​ကို​ပူ​ဇော်​ဆက်​သ ကြ​သော်​လည်း၊ ငါ​သည်​သူ​တို့​ကို​ချစ်​တော်​မူ သည်​နည်း​တူ​သင်​သည်​ထို​မိန်း​မ​ကို​ချစ်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​ငွေ​သား​တစ်​ဆယ့်​ငါး​ပြား နှင့်​မု​ယော​ဆန်​ခု​နစ်​တင်း​ပေး​၍​သူ့​ကို​ရွေး ယူ​သည်။- ``သင်​သည်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်၊ အ​ခြား​သူ​နှင့်​မ​ဖောက်​ပြန်​ဘဲ​ငါ့​အား ကြာ​မြင့်​စွာ​စောင့်​ဆိုင်း​နေ​ရ​မည်။ ငါ​သည် လည်း​စောင့်​ဆိုင်း​နေ​မည်'' ဟု​သူ့​အား​ပြော​၏။- ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။

ဟောရှေ 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ်​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ​ဖြင့် ဝယ်ယူ​၏​။ ထို့နောက် သူ့​အား “​သင်​သည် ငါ​နှင့်အတူ ရက်ပေါင်း​များစွာ​နေ​ရ​မည်​။ ပြည့်တန်ဆာ ပြန်​မ​လုပ်​ရ​။ အခြား​ယောက်ျား​တို့​နှင့် မ​ပေါင်းဖော်​ရ​။ ငါ​သည်​လည်း သင့်​အပေါ် ထိုသို့​ပြု​မည်​”​ဟု ငါ​ဆို​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။ ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။