YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 14:4-8

ဟောရှေ 14:4-8 Judson Bible (JBMLE)

ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။ ငါ​သည် နှင်း​ကဲ့​သို့ ဣ​သ​ရေ​လ​အ​ပေါ်​မှာ နေ​မည်။ သူ​သည် နှင်း​ပွင့်​ကဲ့​သို့ ပွင့်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ အ​မြစ်​စွဲ​လိမ့်​မည်။ အ​ညွန့်​တို့​သည် ပြန့်​ပွား၍၊ သံ​လွင်​ပင်​ကဲ့​သို့ အ​သ​ရေ တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ မွှေး​ကြိုင်​လိမ့်​မည်။ ထို​အ​ပင်၏ အ​ရိပ်​အောက်၌​နေ​သော​သူ​တို့​သည် အ​သစ်​ပြု​ပြင်​ခြင်း​ရှိ၍ စ​ပါး​ကို ပြု​စု​ကြ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ တိုး​ပွား၍ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့ ကျော်​စော​ကြ​လိမ့်​မည်။ ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။

ဟောရှေ 14:4-8 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။ မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။ သူ​တို့​သည်​အ​ဖူး​အ​ညွှန့်​တို့​ဖြင့်​ဝေ​ဆာ​၍၊ သံ​လွင်​ပင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ အ​နံ့​သင်း​ကြိုင်​လိမ့်​မည်။ တစ်​ဖန်​သူ​တို့​သည်​ငါ​၏​အ​ရိပ်​အာ​ဝါ​သ အောက်​တွင် နေ​ထိုင်​ရ​လိမ့်​မည်။ သူ​တို့​သည်​စ​ပါး​များ​ကို​စိုက်​ပျိုး​၍ စ​ပျစ်​ခြံ​ကဲ့​သို့​အ​သီး​လှိုင်​လိမ့်​မည်။ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့​ကျော်​ကြား​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​များ​နှင့် အ​ပြီး​အ​ပိုင်​အ​ဆက်​ဖြတ်​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား ညောင်း​၍ သူ​တို့​ကို​စောင့်​ရှောက်​မည်။ ငါ​သည်​အ​မြဲ​စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သူ​တို့​ကို​ကာ​ကွယ်​ထား​မည်။ ငါ​သည်​သူ​တို့​အ​တွက်​ကောင်း​ချီး​မင်္ဂ​လာ အ​ဖြာ​ဖြာ စီး​ဆင်း​ရာ​ဖြစ်​တော်​မူ​မည်။

ဟောရှေ 14:4-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။ ငါ​သည် အစ္စရေး​အဖို့ နှင်းစက်​ကဲ့သို့ ဖြစ်​မည်​။ သူ​သည် နှင်းပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ အမြစ်​စွဲ​လိမ့်မည်​။ သူ​သည် အညွန့်​ထွက်လာ​၍ သံလွင်ပင်​ကဲ့သို့ ကျက်သရေ​ရှိ​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ မွှေးကြိုင်​လိမ့်မည်​။ သူ​တို့​သည် ငါ့​အရိပ်​ကို ပြန်လည်​ခိုလှုံ​ကြ​လိမ့်မည်​။ ကောက်နှံပင်​များ​ကဲ့သို့ ဝေဆာ​၍ စပျစ်ပင်​များ​ကဲ့သို့ ပွင့်လန်း​ကြ​လိမ့်မည်​။ လက်ဘနွန်​စပျစ်ဝိုင်​ကဲ့သို့ ကျော်ကြား​လိမ့်မည်​။ ဧဖရိမ်​က ‘ငါ​သည် ရုပ်တု​တို့​နှင့် မည်သို့​ဆိုင်​သေး​သနည်း’​ဟု ဆို​လိမ့်မည်​။ ငါ​သည် သူ့​စကား​ကို​ကြား​၍ သူ့​ကို​ကြည့်ရှုစောင်မ​မည်​။ ငါ​သည် စိမ်းလန်း​သော​ထင်းရှူးပင်​ကဲ့သို့ ဖြစ်၍ သင်​တို့​သည် ငါ့​ထံမှ အသီး​ကို ရရှိ​လိမ့်မည်​။”