YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 11:1-11

ဟောရှေ 11:1-11 Judson Bible (JBMLE)

ဣ​သ​ရေ​လ​သည် အ​သက်​ငယ်​သော​အ​ခါ ငါ​သည် ချစ်၍ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ခေါ်​ခဲ့​ပြီ။ သူ​တို့​ကို ခေါ်​သော​သူ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ ဗာ​လ​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်၍ ရုပ်​တု​ဆင်း​တု​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ငါ​သည် သွား​တတ်​သော​အ​တတ်​ကို ဧ​ဖ​ရိမ်​အား လက်​ဆွဲ၍ သွန်​သင်၏။ သို့​သော်​လည်း၊ ငါ​စောင့်​မ​ခြင်း​ကျေး​ဇူး​ကို သူ​သည် မ​သိ​ဘဲ​နေ၏။ လူ​ကို ဆွဲ​တတ်​သော ကြိုး​တည်း​ဟူ​သော မေ​တ္တာ​ကြိုး​နှင့် ငါ​ဆွဲ​ငင်၏။ ပါး​ရိုး​အ​နား​သို့ ထမ်း​ပိုး​ကို​ရွှေ့၍ ဖြည်း​ညင်း​စွာ ကျွေး၏။ အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ဓား​ဘေး​သည် သူ့​နေ​ရာ​မြို့​တို့​အ​ပေါ်​သို့ ရောက်၍ မင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ​တို့ ကြံ​စည်​ခြင်း​အား​ဖြင့်​ပင် သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။ ငါ၏​လူ​တို့​သည် ငါ့​ထံ​မှ​လွှဲ​မြဲ​လွှဲ​ကြ၏။ အ​မြင့်​ဆုံး​သော ဘု​ရား​ထံ​သို့ ခေါ်​သော်​လည်း၊ ထို​ဘု​ရား​ကို အ​ဘယ်​သူ​မျှ မ​ချီး​မြှောက်​လို။ အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။ ပြင်း​စွာ အ​မျက်​ထွက်​သည်​အ​တိုင်း မ​ပြု​လို။ ဧ​ဖ​ရိမ်​ကို အ​ထပ်​ထပ် မ​ဖျက်​ဆီး​လို။ ငါ​သည် လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်၏။ မြို့​ထဲ​မှာ​နေ​သော မြို့​သား​မ​ဟုတ်​သော်​လည်း၊ သင်​တို့​တွင်​နေ၍ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။ စာ​ငှက်​ကဲ့​သို့ အဲ​ဂု​တ္တု​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ကဲ့​သို့ အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း အ​လျင်​အ​မြန် ပြေး​ကြ၍၊ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​နေ​ရာ​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဟောရှေ 11:1-11 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​ငယ်​စဉ်​က​ငါ​သည်​သူ့​ကို​ချစ်​၍၊ ငါ​သည်​သူ့​ကို​သား​အ​ဖြစ်​နှင့်​အီ​ဂျစ်​ပြည်​မှ ခေါ်​ဆောင်​ခဲ့​၏။ သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။ ငါ​၏​လူ​မျိုး​တော်​သည်​ဗာ​လ​ဘု​ရား​ထံ ယဇ်​ပူ​ဇော်​၍​ရုပ်​တု​များ​အား​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ကြ​၏။ သို့​ရာ​တွင်​ငါ​သာ​လျှင်​ဧ​ဖ​ရိမ်​ကို လမ်း​လျှောက်​တတ်​ရန်​သင်​ပေး​ခဲ့​သူ​ဖြစ်​၍၊ ငါ​သည်​သူ​တို့​ကို​လက်​ဖြင့်​ပိုက်​ထွေး​ခဲ့​၏။ သို့​သော်​လည်း​ငါ​သည်​သူ​တို့​အား​စောင့် ရှောက် ပြု​စု​ခဲ့​ကြောင်း​ကို​သူ​တို့​မ​သိ။ ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။ သူ​တို့​ကို​ပါး​ချင်း​ကပ်​သည်​တိုင်​အောင်​ပွေ့​ချီ​၏။ ငါ​သည်​ကိုယ်​ကို​ညွတ်​၍​သူ​တို့​ကို​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။- သူ​တို့​၏​မြို့​များ​သည်​စစ်​ဘေး​စစ်​ဒဏ်​ကို ခံ​ရ​၍​မြို့​တံ​ခါး​တို့​သည်​ပြို​ပျက်​ကြ​လိမ့် မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​တိုင်း​ကျင့်​ကြံ​ကြ​သ​ဖြင့်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။- သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။ ``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊ သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။ သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။ ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊ အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။ ``ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ငါ​သည် ရန်​သူ​များ ကို​ဟောက်​သည့်​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​နောက်​သို့​လိုက်​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​နောက်​အ​ရပ်​မှ​ငါ့​ထံ​သို့​အ​ဆော တ​လျင်​လာ​ကြ​လိမ့်​မည်။- ငှက်​များ​ကဲ့​သို့​အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ငှက်​ကဲ့​သို့​အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း လျင်​မြန်​စွာ​ပျံ​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​တစ်​ဖန်​ခေါ် ဆောင်​လာ​မည်။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။

ဟောရှေ 11:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​အစ္စရေး​ငယ်​စဉ်က သူ့​ကို​ငါ​ချစ်​၏​။ ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​။ သူ​တို့​သည် ခေါ်​လေလေ ထွက်ပြေး​လေလေ ဖြစ်​၏​။ ဗာလ​ဘုရား​ကို ယဇ်ပူဇော်​ကြ​၏​။ ရုပ်တု​များ​အား နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ကြ​၏​။ ငါ​သည် ဧဖရိမ်​ကို လမ်းလျှောက်​သင်​ပေး​ခဲ့​၏​။ ပွေ့ချီ​ခဲ့​၏​။ သူ​တို့​အား ငါ​ကုသ​ပေး​ခဲ့​သည်​ကို သူ​တို့ မ​သိ​ကြ​။ ငါ​သည် သူ​တို့​ကို ကရုဏာ​ကြိုး​၊ မေတ္တာ​ကြိုး​ဖြင့် ဆွဲခေါ်​ခဲ့​၏​။ သူ​တို့​မေးရိုး​မှ နဖားကြိုး​ကို ဖယ်ရှား​ပေး​ခဲ့​၏​။ ကိုယ်​ကို​ညွှတ်​၍ သူ​တို့​ကို အစာကျွေး​ခဲ့​၏​။ သူ​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​လို​သောကြောင့် အီဂျစ်​ပြည်​သို့​လည်း ပြန်​မ​သွား​ရ​။ အဆီးရီးယား​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​။ ဓားဘေး​သည် သူ​တို့​မြို့​သို့​ရောက်လာ​၍ မြို့​တံခါး​များ​ကို ဖျက်ဆီး​ပစ်​မည်​။ သူ​တို့​၏​အကြံအစည်​တို့​ကို​လည်း ဝါးမျို​ပစ်​မည်​။ ငါ့​လူမျိုး​တော်​သည် ငါ့​ထံမှ​လမ်းလွဲဖောက်ပြန်​လို​စိတ်​အားကြီး​ကြ​ပြီ​။ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ကို​ခေါ်​သော်လည်း သူ​တို့​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို မ​ချီးမြှောက်​ကြ​။ အို ဧဖရိမ်​၊ သင့်​ကို မည်သို့​စွန့်ပစ်​နိုင်​မည်နည်း​။ အို အစ္စရေး​၊ သင့်​ကို မည်သို့​အပ်နှံ​နိုင်​မည်နည်း​။ အာဒမာ​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ဇေဘိုင်​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ငါ​သည် စိတ်ပြောင်း​ပြီး သနားကြင်နာစိတ် တစ်စတစ်စ​တိုးပွား​လာ​ပြီ​။ ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။ သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။ သူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ငှက်​ကဲ့သို့ အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ချိုးငှက်​ကဲ့သို့ အဆီးရီးယား​ပြည်​မှ​လည်းကောင်း ထွက်လာ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို နေရင်းပြည်​၌ နေရာချ​ထား​ပေး​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။