YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 9:14-15

ဟေဗြဲ 9:14-15 Judson Bible (JBMLE)

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။- ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။

ဟေဗြဲ 9:14-15 Common Language Bible (BCL)

ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။

ဟေဗြဲ 9:14-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။ ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။