YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:1-10

ဟေဗြဲ 7:1-10 Judson Bible (JBMLE)

မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊- အာ​ဗြ​ဟံ​လှူ​သော လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆယ်​ဖို့​တစ်​ဖို့​ခံ​ယူ​သော ထို​ရှာ​လင်​မင်း​ကြီး​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ် မေ​လ​ခိ​ဇေ​ဒက်​သည်၊ နာ​မ​ရင်း​အ​နက်​အား​ဖြင့် တ​ရား​မင်း၊ ထို​မှ​တစ်​ပါး၊ ငြိမ်​သက်​ခြင်း​မင်း​ဟု​ဆို​လို​သော ရှာ​လင်​မင်း ဖြစ်​လျက်၊- အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။- အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။- ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။- ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။- ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။- ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​တွေ့​သော​အ​ခါ၊ လေ​ဝိ​သည် မိ​မိ​အ​ဘ၏​ကိုယ်၌ ရှိ​သ​တည်း။

ဟေဗြဲ 7:1-10 Common Language Bible (BCL)

ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။- သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့ သည့်​ဥစ္စာ​ပစ္စည်း​များ​၏​ဆယ်​ပုံ​တစ်​ပုံ​ကို​သူ့​အား ပေး​လှူ​၏။ (မေ​လ​ခိ​ဇေ​ဒက်​ဟူ​သော​နာ​မည်​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ``တ​ရား​မင်း'' ဟူ​၍​ဖြစ်​၏။ သူ​သည်​ရှာ​လင်​မြို့​၏​မင်း​လည်း​ဖြစ်​သ​ဖြင့် သူ​၏​နာ​မည်​သည်``ငြိမ်း​ချမ်း​ရေး​ဘု​ရင်'' ဟု လည်း​အ​နက်​အ​ဋ္ဌိပ္ပါယ်​ရ​လေ​သည်။-) သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။ ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။- လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။- မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။- သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။- ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။- ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​သူ​လေ​ဝိ​သည် အာ​ဗြ​ဟံ​မှ​တစ်​ဆင့် မေ​လ​ခိ​ဇေ​ဒက်​အား ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​သည်​ဟု​ပင်​ဆို​နိုင်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။

ဟေဗြဲ 7:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​မေလခိဇေဒက်​ကား ဆလင်​ဘုရင်​ဖြစ်​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏။ သူ​သည် ဘုရင်​များ​ကို​ချေမှုန်း​ရာ​မှ​ပြန်လာ​သော အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီး​ပေး​လေ​၏။ အာဗြဟံ​သည်​လည်း လက်ရ​ပစ္စည်း​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ခွဲဝေ​ပေးလှူ​၏။ မေလခိဇေဒက်​အမည်​၏​အဓိပ္ပာယ်​မှာ ပထမ​အနေဖြင့် ဖြောင့်မတ်​ခြင်း​၏​ဘုရင်​ဟူ၍​ဖြစ်​ပြီး ထို့နောက် ငြိမ်သက်​ခြင်း​၏​ဘုရင်​တည်းဟူသော ဆလင်​ဘုရင်​ဟူ၍​လည်း​ဖြစ်​၏။ သူ​၌ ဖခင်​မ​ရှိ၊ မိခင်​မ​ရှိ၊ မျိုးရိုးစဉ်ဆက်​မ​ရှိ၊ အသက်တာ​၏​အစ​လည်း​မ​ရှိ၊ အဆုံး​လည်း​မ​ရှိ။ သူ​သည် ဘုရားသခင်​၏​သား​တော်​ကဲ့သို့​ဖြစ်​လျက် ယဇ်ပုရောဟိတ်​အဖြစ် ထာဝစဉ်​တည်​နေ​၏။ မျိုးနွယ်စုဖခင်​ဖြစ်သော​အာဗြဟံ​ပင် လက်ရ​ပစ္စည်း​များ​၏​ဆယ်ဖို့တစ်ဖို့​ကို ပေး​လှူ​ခဲ့​သော​ဤ​သူ​သည် မည်မျှလောက်​ကြီးမြတ်​သည်​ကို ဆင်ခြင်​ကြ​လော့။ လေဝိ​အမျိုးသား​တို့​ထဲမှ ယဇ်ပုရောဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပညတ်​တရား​အရ လူ​တို့​ထံမှ ဆယ်ဖို့တစ်ဖို့​ကောက်ခံ​ရ​မည်​ဟူသော​ပညတ်​ချက်​ကို ရရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာဗြဟံ​မှ​ဆင်းသက်​လာ​သည့် မိမိ​တို့​ညီအစ်ကို​များ​ပင်​ဖြစ်​ကြ​၏။ သို့သော် လေဝိ​၏​မျိုးဆက်​စာရင်း​မ​ဝင်​သော​သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ပြီး ကတိ​တော်​ကို​ရရှိ​ထား​သော​သူ​အား ကောင်းချီး​ပေး​ခဲ့​၏။ ကြီးသောသူ​သည် ငယ်သောသူ​အား ကောင်းချီး​ပေး​တတ်​သည်​ကို ငြင်းဆို​ဖွယ်​မ​ရှိ။ ဤ​နေရာ​၌ သေဆုံး​တတ်​သော​လူ​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ကြ​၏။ အခြား​သော​နေရာ​၌​ကား ထို​သူ​သည် အသက်ရှင်​နေ​သည်​ဟု သက်သေခံ​ထား​၏။ ထို့ပြင် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​သော​လေဝိ​သည်​လည်း အာဗြဟံ​မှ​တစ်ဆင့် ဆယ်ဖို့တစ်ဖို့​ကို​ပေး​လှူ​သည်​ဟု ဆို​နိုင်​၏။ အကြောင်းမူကား မေလခိဇေဒက်​သည် အာဗြဟံ​ကို​ကြိုဆို​သောအခါ လေဝိ​သည် မိမိ​အဖ​၏​ကိုယ်​ထဲ၌​ရှိ​နေ​သေး​၏။