YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:1-10

ဟေဗြဲ 7:1-10 JBMLE

မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊- အာ​ဗြ​ဟံ​လှူ​သော လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆယ်​ဖို့​တစ်​ဖို့​ခံ​ယူ​သော ထို​ရှာ​လင်​မင်း​ကြီး​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ် မေ​လ​ခိ​ဇေ​ဒက်​သည်၊ နာ​မ​ရင်း​အ​နက်​အား​ဖြင့် တ​ရား​မင်း၊ ထို​မှ​တစ်​ပါး၊ ငြိမ်​သက်​ခြင်း​မင်း​ဟု​ဆို​လို​သော ရှာ​လင်​မင်း ဖြစ်​လျက်၊- အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။- အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။- ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။- ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။- ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။- ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​တွေ့​သော​အ​ခါ၊ လေ​ဝိ​သည် မိ​မိ​အ​ဘ၏​ကိုယ်၌ ရှိ​သ​တည်း။