YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 5:7-10

ဟေဗြဲ 5:7-10 Judson Bible (JBMLE)

ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သော်​လည်း၊ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​သော​အား​ဖြင့် နား​ထောင်​ခြင်း အ​ကျိုး​အ​ကြောင်း​ကို သင်​တော်​မူ၏။- ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။- မေ​လ​ခိ​ဇေ​ဒက်​ကဲ့​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​သ​မုတ်​တော်​မူ​ခြင်း​ကို ခံ​ရ၏။

ဟေဗြဲ 5:7-10 Common Language Bible (BCL)

ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။- ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ပင်​ဖြစ်​သော်​လည်း ဆင်း​ရဲ​ဒုက္ခ​များ​ကို​ခံ​ခြင်း အား​ဖြင့်​နာ​ခံ​တတ်​ရန်​သင်​ယူ​တော်​မူ​၏။- ကိုယ်​တော်​သည်​ပြီး​ပြည့်​စုံ​လင်​ခြင်း​သို့​ရောက် သော​အ​ခါ မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း တို့​၏​ထာ​ဝ​ရ​ကယ်​တင်​ခြင်း​အ​ရှင်​ဖြစ် လာ​တော်​မူ​၍၊- ကိုယ်​တော်​အား​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု အ​မည်​နာ​မ​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ သ​တည်း။

ဟေဗြဲ 5:7-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။ ကိုယ်တော်​သည် သား​တော်​ဖြစ်​သော်လည်း ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အားဖြင့် နာခံ​မှု​ကို​သင်ယူ​လျက် စုံလင်​ခြင်း​သို့​ရောက်​ပြီးလျှင် မိမိ​ကို​နာခံ​သော​သူ​အပေါင်း​တို့​အား ထာဝရ​ကယ်တင်​ခြင်း​ကို​ပေး​သော​အရှင်​ဖြစ်လာ​၍ မေလခိဇေဒက်​နှင့်​အလားတူ​သော ယဇ်ပုရောဟိတ်​မင်း​ဟု ဘုရားသခင်​၏​ခေါ်ဝေါ်​သမုတ်​တော်မူ​ခြင်း​ကို​ခံရ​၏။