YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 5:12-14

ဟေဗြဲ 5:12-14 Judson Bible (JBMLE)

သင်​တို့​သည် ကာ​လ​ကြာ​သော​ကြောင့် ဆ​ရာ​အ​ဖြစ်​သို့ ရောက်​သင့်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်၌ ရှေ့​ဦး​စွာ သင်​ရ​သော​တ​ရား​နု​တို့​ကို သူ​တစ်​ပါး​ထံ၌ တစ်​ဖန် သင်​ရ​သော အ​ကြောင်း​ရှိ​သည်​ဖြစ်၍၊ ကြေ​ခဲ​သော​အ​စာ​ကို မ​သုံး​ဆောင်၊ နို့​ကို​သာ သုံး​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။- နို့​ကို​သာ သုံး​ဆောင်​သော​သူ​မည်​သည်​ကား၊ သူ​ငယ်​ဖြစ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​တ​ရား၌ လေ့​လာ​ခြင်း​မ​ရှိ။- ကောင်း​ကျိုး​မ​ကောင်း​ကျိုး​ကို ပိုင်း​ခြား၍ သိ​နိုင်​သော​ဉာဏ်​ပေး​တတ်​သော၊ အ​ကြား​အ​မြင် အ​တွေ့​အ​စမ်း​များ​သော သူ​တည်း​ဟူ​သော၊ စုံ​လင်​သော အ​ရွယ်​ရှိ​သော သူ​တို့​မူ​ကား၊ ကြေ​ခဲ​သော အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ရ​ကြ၏။

ဟေဗြဲ 5:12-14 Common Language Bible (BCL)

သင်​တို့​သည်​ယ​ခု​အ​ချိန်​အ​ခါ​လောက်​ဆို​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​သူ​များ​ဖြစ်​သင့်​ကြ​လေ​ပြီ။ သို့ ရာ​တွင်​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က​သင်​ကြား ပေး​ရန်​လို​နေ​သေး​ပါ​သည်​တ​ကား။ သင်​တို့​သည် မာ​သော​အ​စား​အ​စာ​ကို​စား​မည့်​အ​စား​နို့ ကို​သာ​လျှင်​သောက်​နေ​ကြ​သေး​၏။- နို့​ကို​သောက်​သုံး​၍​အ​သက်​ရှင်​သူ​သည်​နို့​စို့ သူ​ငယ်​ဖြစ်​၍ အ​မှန်​နှင့်​အ​မှား​ကို​ကိုယ်​တွေ့ သိ​ရှိ​နား​လည်​သူ​မ​ဟုတ်။- မာ​သော​အ​စား​အ​စာ​သည်​ကား​အ​ရွယ်​ရောက် ပြီး​သူ​တို့​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​လေ့​ကျင့် မှု​အား​ဖြင့် အ​ကောင်း​နှင့်​အ​ဆိုး​ကို​ပိုင်း​ခြား​သိ ရှိ​သူ​များ​ဖြစ်​ကြ​၏။

ဟေဗြဲ 5:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။ နို့ရည်​ကို​သောက်သုံး​နေ​သော​သူ​တိုင်း​သည် ကလေး​သူငယ်​ဖြစ်​သောကြောင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​မ​ရှိ။ မာ​သော​အစာ​မူကား အကောင်း​အဆိုး​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​ထိုးထွင်းဉာဏ်​ကို အတွေ့အကြုံ​အားဖြင့်​လေ့ကျင့်​ထား​သည့်​စုံလင်​ရင့်ကျက်​သော​သူ​များ​အတွက်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။