YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 4:1-11

ဟေဗြဲ 4:1-11 Judson Bible (JBMLE)

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။- ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။- ငါ​တို့​မူ​ကား၊ ယုံ​ကြည်​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ထို​သို့​နှင့်​အ​ညီ ဗျာ​ဒိတ်​တော်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု လာ၏။ ချမ်း​သာ​ဟု​ဆို​သော်၊ က​မ္ဘာ​ဦး​က​ပင် အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​တော်​မူ​ရာ ချမ်း​သာ​ဟု ဆို​လို​သ​တည်း။- ခု​နစ်​ရက်​မြောက်​သော​နေ့​ကို အ​ကြောင်း​ပြု၍ ကျမ်း​စာ​တစ်​ချက်၌ လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​အ​လုံး စုံ​တို့​ကို ပြီး​စီး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​ကျမ်း​စာ၌ တစ်​ဖန် လာ​သည်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု​လာ​သ​တည်း။- ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။ တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။- ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။- ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။

ဟေဗြဲ 4:1-11 Common Language Bible (BCL)

ငြိမ်​ဝပ်​ချမ်း​သာ​ခံ​စား​ခွင့်​ကို​ငါ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ တော်​ရှိ​၏။ သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက် မျှ ယင်း​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​လက်​မ​လွတ် စေ​ရန်​သ​တိ​ပြု​ကြ​လော့။- ငါ​တို့​သည်​ရှေး​ခေတ်​လူ​တို့​နည်း​တူ​သ​တင်း ကောင်း​ကို​ကြား​ကြ​ရ​၏။ သို့​ရာ​တွင်​ထို​သူ တို့​ကြား​ရ​သည့်​သ​တင်း​ကောင်း​သည် သူ​တို့ အ​တွက်​အ​ကျိုး​မ​ရှိ​ချေ။ အ​ဘယ်​ကြောင့် ဆို​သော် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား ရ​သော်​လည်း ယုံ​ကြည်​ခြင်း​ဖြင့်​လက်​မ​ခံ ကြ​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ယုံ​ကြည်​သူ​ငါ​တို့​သည် ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ ချမ်း​သာ​ကို​ရ​ရှိ​ကြ​ပေ​သည်။ ``ငါ​သည်​အ​မျက်​ထွက်​၍​ကျိန်​ဆို​လျက် ထို​သူ​တို့​အား ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန်​ပြည်​တော်​သို့ ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ပင်​ဖြစ်​၏။ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍ ကိုယ်​တော်​သည်​မိ​မိ​လုပ်​ဆောင်​ရန်​အ​မှု ကိစ္စ​များ​ပြီး​ဆုံး​သွား​သော်​လည်း​ဤ​စ​ကား ကို​မိန့်​တော်​မူ​ပေ​သည်။- ကျမ်း​စာ​တော်​တွင်​ခု​နစ်​ရက်​မြောက်​သော နေ့​နှင့်​ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​သတ္တ​မ နေ့​၌ မိ​မိ​ပြု​စ​ရာ​ရှိ​သ​မျှ​သော​အ​မှု​ကိစ္စ များ​ပြီး​စီး​၍ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။'' ဟု ဖော်​ပြ​ပါ​ရှိ​၏။- တစ်​ဖန်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍``ထို​သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ ရန် ပြည်​တော်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဝင် ကြ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။- သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ​ကြား​ရ သူ​တို့​သည် ထို​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည် သ​ဖြင့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ခံ​စား​ခွင့်​မ​ရ ကြ။ သို့​ဖြစ်​၍​ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို အ​ခြား​သူ​တို့​ရ​ရှိ​ကြ​ပေ​သည်။- ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​သည်။ အ​ကယ်​၍​ယော​ရှု​ပေး​သည့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​မှာ ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ဖြစ်​ပါ​မူ ဘု​ရား​သ​ခင် သည်​အ​ခြား​နေ့​ရက်​တစ်​ရက်​အ​ကြောင်း​ကို မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။- သို့​ဖြစ်​၍​သတ္တ​မ​နေ့​၌​ဘု​ရား​သ​ခင်​ငြိမ် ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏ လူ​စု​တော်​အ​တွက်​ငြိမ်​ဝပ်​စွာ​နေ​ရန်​နေ့ ရက်​တစ်​ရက်​ရှိ​သေး​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။- သို့​ဖြစ်​၍​မ​ယုံ​ကြည်​သ​ဖြင့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​ကို​မ​ရ​ရှိ​သော​သူ​တို့​ကဲ့​သို့ မည်​သူ​မျှ မ​ဖြစ်​စေ​ဘဲ​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ နိုင်​ရန်​ငါ​တို့​သည်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​စို့။

ဟေဗြဲ 4:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။ အကြောင်းမူကား ငါ​တို့​သည်​လည်း ကောင်းမြတ်​သော​သတင်း​ကို ထို​သူ​တို့​နည်းတူ ကြား​ရ​ကြ​ပြီ။ သို့သော် သူ​တို့​ကြား​ရ​သော​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ယုံကြည်​ခြင်း​နှင့်​မ​ပေါင်းစပ်​သောကြောင့် သူ​တို့​အတွက် အကျိုး​မ​ရှိ​ခဲ့​ချေ။ ယုံကြည်​သော​ငါ​တို့​မူကား ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​၏။ ဤသည်ကား “အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။ သို့ရာတွင် အမှု​တော်​များ​သည် ကမ္ဘာ​တည်​ကတည်းက ပြီးမြောက်​ပြီ​ဖြစ်​၏။ အကြောင်းမူကား သတ္တမ​နေ့​နှင့်​ပတ်သက်၍ “သတ္တမ​နေ့​တွင် ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​ရှိသမျှ​တို့​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏”​ဟု ကျမ်း​တစ်​နေရာ​၌​ဆို​ထား​၏။ တစ်ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေရာ​၌​ဆို​ထား​၏။ သို့ဖြစ်၍ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့​ဝင်​ရ​သော​အခွင့်​သည် အချို့​သော​သူ​တို့​အတွက်​ရှိသေး​၏။ ကောင်းမြတ်​သော​သတင်း​ကို ရှေးဦးစွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။ ထို့ကြောင့် ဘုရားသခင်​သည် နေ့​တစ်​နေ့​ကို “ယနေ့”​ဟူ၍ တစ်ဖန် ချမှတ်​တော်မူ​ပြီး နောင်​နှစ်​ပေါင်း​များစွာ​ကြာ​သောအခါ အထက်​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဒါဝိဒ်​အားဖြင့် မိန့်​တော်မူ​၏။ အကယ်၍ ယောရှု​သည် သူ​တို့​အား ငြိမ်ဝပ်​ချမ်းသာ​ခြင်း​ကို​ပေး​ခဲ့​သည်​မှန်​လျှင် နောက်မှ အခြား​နေ့ရက်​အကြောင်း​ကို ဘုရားသခင်​မြွက်ဆို​တော်မူ​မည်​မ​ဟုတ်။ သို့ဖြစ်၍ ဘုရားသခင်​၏​လူမျိုး​တော်​အတွက် ငြိမ်ဝပ်​ချမ်းသာ​ခြင်း​တစ်​မျိုး​ရှိသေး​၏။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​သကဲ့သို့ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​သော​သူ​သည်​လည်း မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​ရ​၏။ ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။