YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 3:1-19

ဟေဗြဲ 3:1-19 Judson Bible (JBMLE)

ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။- မော​ရှေ​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သ​ကဲ့​သို့၊ ယေ​ရှု​သည် မိ​မိ​ကို ခန့်​ထား​တော်​မူ​သော​သူ၏ အ​မှု​တော်၌ သ​စ္စာ​စောင့်​တော်​မူ၏။- အိမ်​ကို​ဆောက်​သော​သူ​သည် အိမ်​ထက်​သာ၍ ကြီး​သော အ​သ​ရေ​ရှိ​သ​ကဲ့​သို့၊ ယေ​ရှု​သည် မော​ရှေ​ထက် သာ၍​ကြီး​သော အ​သ​ရေ​ကို​ခံ​ထိုက်​သော​သူ ဖြစ်​သည်​ဟု ထင်​မှတ်​စ​ရာ​အ​ကြောင်း​ရှိ၏။- အိမ်​မည်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ ဆောက်​သော​ကြောင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​ကို တည်​ဆောက်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။- ခ​ရစ်​တော်​မူ​ကား၊ သား​ကဲ့​သို့ အိမ်​တော်​ကို အုပ်​စိုး၍ သ​စ္စာ​စောင့်​တော်​မူ၏။ ငါ​တို့​သည်​ကား၊ ရဲ​ရင့်​ခြင်း၌​လည်း​ကောင်း၊ မျှော်​လ​င့်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း၌​လည်း​ကောင်း၊ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ထို​အိမ်​တော်​ဖြစ်​သ​တည်း။ ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊- ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။ သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင် ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။- ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​စဉ်​စိတ်​သ​ဘော မှား​ယွင်း​တတ်​ကြ၏။ ငါ၏ အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။- ထို​ကြောင့်၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု မိန့်​တော်​မူ​ချက်​ရှိ​သည်​နှင့်​အ​ညီ၊- ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- ဒု​စ​ရိုက်၏ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့ စိတ်​နှ​လုံး မ​ခိုင်​မာ​စေ​ခြင်း​ငှာ၊ ယ​နေ့​ဟူ၍ ခေါ်​ဝေါ်​သော​အ​ချိန်၊ နေ့​တိုင်း​အ​စဉ် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ငါ​တို့​သည် စိတ်​စွဲ​လမ်း​ခြင်း​ကို အ​စ​ပြု​သ​ကဲ့​သို့ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ခ​ရစ်​တော်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ၏။- ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊ ဆန့်​ကျင်​ဘက်​ပြု​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ကျမ်း​စာ​လာ​သည်​အ​ရာ​မှာ၊- ကြား​ပြီး​မှ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ မော​ရှေ​နောက်​သို့​လိုက်၍ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပြု​ကြ​သည် မ​ဟုတ်​လော။- အ​နှစ်​လေး​ဆယ်​ပတ်​လုံး နှစ်​သက်​တော်​မ​မူ​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ကို ပြု​သော​ကြောင့် တော၌​လဲ၍ သေ​သော​သူ​ပင် မ​ဟုတ်​လော။- သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။- သို့​ဖြစ်၍၊ သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့်​သာ မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ၏။

ဟေဗြဲ 3:1-19 Common Language Bible (BCL)

ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​၌​မိ​မိ ထမ်း​ဆောင်​ရ​မည့်​အ​လုပ်​တွင် သစ္စာ​စောင့်​သ​ကဲ့ သို့​သ​ခင်​ယေ​ရှု​သည်​လည်း​မိ​မိ​အား ဤ​အ​လုပ် တာ​ဝန်​ကို​ပေး​အပ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​တော်​မူ​၏။- အိမ်​တစ်​ဆောင်​ကို​တည်​ဆောက်​သူ​သည် အိမ်​ထက် ပို​၍​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို​ခံ​ထိုက်​သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​သည်​လည်း မော​ရှေ​ထက်​ပို​၍​ချီး မြှင့်​ခြင်း​ကို​ခံ​ထိုက်​ပေ​သည်။- အိမ်​မည်​သည်​ကား​တည်​ဆောက်​သူ​တစ်​ဦး​ရှိ မြဲ​ပင်​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက် သူ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။- မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။- ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင် ခေါင်း​မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည် ကိုယ်​တော်​အား​ပုန်​ကန်​၍ တော​ကန္တာ​ရ​တွင်​ကိုယ်​တော်​ကို​အ​ကဲ​စမ်း​ကြ​၏။ သူ​တို့​ခေါင်း​မာ​ကြ​သ​ကဲ့​သို့​သင်​တို့​ခေါင်း မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင် ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။ ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှ ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။'' ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။- သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။- ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။ ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။- နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​ရှ​ခြင်း​ကို​ခံ​ရ​သူ​တို့​ကား အ​ဘယ်​သူ​များ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ပြု သ​ဖြင့် တော​ကန္တာ​ရ​တွင်​လဲ​၍​သေ​ဆုံး​သူ များ​ဖြစ်​၏။- ``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။- သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။

ဟေဗြဲ 3:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။ မောရှေ​သည် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သကဲ့သို့ ယေရှု​သည်​လည်း မိမိ​ကို​ခန့်ထား​သော​ဘုရားသခင်​အပေါ်​သစ္စာရှိ​တော်မူ​၏။ အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ၍​ဂုဏ်သရေ​ရှိ​သကဲ့သို့ ယေရှု​သည် မောရှေ​ထက် သာ၍​မြင့်မြတ်​သော​ဘုန်း​အသရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​၏။ အကြောင်းမူကား အိမ်​တိုင်း​ကို တစ်စုံတစ်ယောက်​က တည်ဆောက်​ရ​၏။ သို့သော် အရာ​ခပ်သိမ်း​ကို​တည်ဆောက်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။ ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။ ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် တော​ကန္တာရ​တွင် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​၌ ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်။ ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ့​ကို​စမ်းသပ်​လျက် စစ်ဆေး​ကြ​ကာ အနှစ်​လေးဆယ်​အတွင်း ငါ​ပြု​သော​အမှု​များ​ကို တွေ့မြင်​ခဲ့​ကြ​၏။ သို့ဖြစ်၍ ထို​မျိုးဆက်​ကို ငါ​အမျက်ထွက်​ပြီး ‘သူ​တို့​သည် စိတ်နှလုံး​ထဲ၌ အစဉ်​လမ်းလွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။ ထို့ကြောင့် အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။ သင်​တို့​တွင် အပြစ်​တရား​၏​လှည့်ဖြား​မှု​ကြောင့် မည်သူမျှ စိတ်နှလုံး​မာကျော​ခြင်း​မ​ရှိ​စေရန် ယနေ့​ဟု​ခေါ်​ရ​သော​အချိန်​ရှိ​နေ​သရွေ့ နေ့စဉ် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။ အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။ ကျမ်းစာ​၌ “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဆို​ထား​၏။ ထိုသို့​ကြား​ရ​လျက်​နှင့် ဆန့်ကျင်​ခဲ့​သူ​များ​ကား မည်သူ​တို့​နည်း။ မောရှေ​၏​ဦးဆောင်​မှု​အားဖြင့် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​ပင်​မ​ဟုတ်​လော။ တစ်ဖန် အနှစ်​လေးဆယ်​အတွင်း မည်သူ​တို့​အပေါ် အမျက်ထွက်​တော်မူ​ခဲ့​သနည်း။ အပြစ်​ပြု​၍ တော​ကန္တာရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အပေါ်​မ​ဟုတ်​လော။ ထို့ပြင် “ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မည်သူ​တို့​အား တိုင်တည်​၍​မိန့်​တော်မူ​ခဲ့​သနည်း။ နာခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။ သို့ဖြစ်၍ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိမြင်​ရ​ကြ​၏။