YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 2:8-9

ဟေဗြဲ 2:8-9 Judson Bible (JBMLE)

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ​ဟု သက်​သေ​ခံ​သ​တည်း။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို ချ​ထား​တော်​မူ၏​ဟု​ဆို​သော်၊ မ​ချ​မ​ထား​ဘဲ ကျန်​ရစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။ ယ​ခု​မူ​ကား၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့ မ​မြင်​ရ​ကြ​သေး။- ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။

ဟေဗြဲ 2:8-9 Common Language Bible (BCL)

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​ပါ​၏'' ဟု​ဖော်​ပြ​ထား​၏။ ကျမ်း​စာ​တော်​က`ခပ် သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​၏' ဟု​ဆို​ရာ​၌​လူ​၏​စိုး​မိုး​ခြင်း​ကို မ​ခံ​ရ သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟူ​၍​ဆို လို​သ​တည်း။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ လူ သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ရ ကြောင်း ငါ​တို့​မ​တွေ့​မ​မြင်​ကြ​ရ​ပေ။- သို့​သော်​ငါ​တို့​တွေ့​မြင်​ကြ​ရ​သူ​ကား ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ​အ​ပေါင်း တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​နိုင်​ရန် ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​များ ထက်​နှိမ့်​ချ​မှု​ကို​ခံ​ရ​သည့်​သ​ခင်​ယေ​ရှု​ပင် ဖြစ်​တော်​မူ​၏။ ထို​အ​ရှင်​သည် မိ​မိ​အ​သေ​ခံ တော်​မူ​ခဲ့​သည့်​အ​တွက်​ဘုန်း​အ​သ​ရေ၊ ဂုဏ် အ​သ​ရေ​နှင့်​ပြည့်​ဝ​လျက်​ရှိ​တော်​မူ​သည် ကို ယ​ခု​အ​ခါ​ငါ​တို့​တွေ့​မြင်​ကြ​ရ​၏။

ဟေဗြဲ 2:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အရာ​ခပ်သိမ်း​တို့​ကို သူ​၏​ခြေ​အောက်၌ ချ​ထား​တော်မူ​ပြီ”​ဟု ကျမ်း​တစ်​နေရာ​၌​သက်သေခံ​ထား​၏။ “အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​တော်မူ​ပြီ”​ဟု ဆို​ရာ​တွင် သူ့​အောက်၌​မ​ချထား​ဘဲ ချန်ထား​တော်မူ​သည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ယခု​မူကား အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့​မ​မြင်​ရ​သေး။ သို့သော် ဘုရားသခင်​၏​ကျေးဇူး​တော်​အားဖြင့် လူ​တိုင်း​အတွက် သေ​ခြင်း​ကို​မြည်းစမ်း​စေရန် ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ခြင်း​ကို​ခံရ​၍ သေ​ခြင်း​နှင့်ဆိုင်သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောကြောင့် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သရဖူ​ဆောင်း​ရ​သည့်​ယေရှု​ကို ငါ​တို့​မြင်​ရ​ကြ​၏။