YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 2:15-18

ဟေဗြဲ 2:14-18 Judson Bible (JBMLE)

ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကောင်း​ကင်​တ​မန်​တို့​ကို မ​စ​တော်​မူ​သည်​မ​ဟုတ်၊ အာ​ဗြ​ဟံ​အ​မျိုး​ကို မ​စ​တော်​မူ၏။- ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။- ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ဟေဗြဲ 2:15-18 Common Language Bible (BCL)

ဤ​နည်း​အား​ဖြင့်​သေ​ဘေး​ကို​ကြောက်​သ​ဖြင့် တစ်​သက်​လုံး​ကျွန်​ခံ​လျက်​နေ​ကြ​ရ​သော သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပေ​သည်။- ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။- ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။- ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။

ဟေဗြဲ 2:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သေ​ခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ဖြစ်​၏။ အကယ်စင်စစ် ကိုယ်တော်​သည် ကောင်းကင်​တမန်​တို့​ကို ဖေးမ​တော်​မ​မူ​ဘဲ အာဗြဟံ​၏​အမျိုးအနွယ်​ကို ဖေးမ​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ကိုယ်တိုင်​ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​လျက် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​သော​သူ​တို့​ကို ကူညီမစ​ရန်​တတ်နိုင်​တော်မူ​၏။