YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:6-11

ဟေဗြဲ 12:6-11 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​ဟု သူ​ငယ်​တို့​ကို ဆို​သ​ကဲ့​သို့၊ သင်​တို့​ကို ပြော​ဆို​သော ဩ​ဝါ​ဒ​စ​ကား​ကို မေ့​လျော့​ကြ​သ​လော။- သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။- တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။- အ​ကြောင်း​မူ​ကား၊ ထို​အ​ဘ​တို့​သည် မိ​မိ​အ​လို​သို့​လိုက်၍ တစ်​ခ​ဏ​သာ ဆုံး​မ​ပေး​ကြ၏။ ကိုယ်​တော်​မူ​ကား၊ မိ​မိ​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို ငါ​တို့​သည် ဆက်​ဆံ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ကျိုး​ကို​ထောက်၍​သာ ဆုံး​မ​ပေး​တော်​မူ၏။- ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။

ဟေဗြဲ 12:6-11 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ ချစ်​တော်​မူ​သော​သူ​ကို​ဆုံး​မ​တော်​မူ​တတ်​၍ သား​အ​ဖြစ်​လက်​ခံ​တော်​မူ​သော​သူ​ကို ဒဏ်​ပေး​တော်​မူ​တတ်​သော​ကြောင့်​ဖြစ်​၏'' ဟု​သင်​တို့​အား​သား​များ​အ​နေ​ဖြင့်​အား ပေး​တိုက်​တွန်း​ထား​သည်​ကို​သင်​တို့​မေ့ လျော့​သွား​ကြ​လေ​ပြီ​လော။- သင်​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ခြင်း​သည်​ဖ​ခင်​၏ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သည်​ဟု​ခံ​ယူ​ရ​ကြ​မည်။ ယင်း​သို့​ခံ​ရ​ခြင်း​သည်​သင်​တို့​အား​သား​များ အ​နေ​ဖြင့် ဘု​ရား​သ​ခင်​ဆက်​ဆံ​လျက်​ရှိ​တော် မူ​ကြောင်း​ကို​ပြ​၏။ ဖ​ခင်​မ​ဆုံး​မ​သော​သား ဟူ​၍​အ​ဘယ်​မှာ​ရှိ​သ​နည်း။- သင်​တို့​အား​ဒဏ်​ပေး​တော်​မ​မူ​လျှင်​သင်​တို့ သည်​သား​ရင်း​များ​မ​ဟုတ်​ဘဲ တ​ရား​မ​ဝင် သော​သား​များ​သာ​လျှင်​ဖြစ်​ကြ​၏။- ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။- ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။- ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။

ဟေဗြဲ 12:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။ ဘုရားသခင်​သည် သင်​တို့​ကို သား​ကဲ့သို့ ပြုမူ​ဆက်ဆံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို သည်းခံ​ကြ​ရ​မည်။ အကြောင်းမူကား ဖခင်​မ​ဆုံးမ မ​ပဲ့ပြင်​သော​သား​ဟူ၍​ရှိ​သလော။ လူ​တိုင်း​ခံရ​သော​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို သင်​တို့​မ​ခံရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အရင်း​မ​ဟုတ်။ တရားမဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။ ထို့ပြင် ငါ​တို့​တွင် ဆုံးမ​ပဲ့ပြင်​ပေး​သော​လူသား​ဖခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရိုသေ​လေးစား​ကြ​သည်​ဆိုလျှင် ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​ကို ပို၍​ပင် နာခံ​ရ​မည်​မ​ဟုတ်​လော။ ထိုအခါ ငါ​တို့​သည် အသက်​ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား လူသား​ဖခင်​တို့​သည် ကောင်း​သည်​ဟု မိမိ​တို့​ထင်မြင်​သည့်​အတိုင်း ခဏ​သာ​ဆုံးမ​ပဲ့ပြင်​တတ်​ကြ​၏။ ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​မူကား သူ​၏​သန့်ရှင်း​ခြင်း​၌ ငါ​တို့​ပါဝင်​ခံစား​ရ​မည့်​အကြောင်း ငါ​တို့​အကျိုး​ကို​ထောက်၍ ဆုံးမ​ပဲ့ပြင်​တော်မူ​၏။ ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။