YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 12:6-11

ဟေဗြဲဩဝါဒစာ 12:6-11 MSBU

အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။ ဘုရားသခင်​သည် သင်​တို့​ကို သား​ကဲ့သို့ ပြုမူ​ဆက်ဆံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို သည်းခံ​ကြ​ရ​မည်။ အကြောင်းမူကား ဖခင်​မ​ဆုံးမ မ​ပဲ့ပြင်​သော​သား​ဟူ၍​ရှိ​သလော။ လူ​တိုင်း​ခံရ​သော​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို သင်​တို့​မ​ခံရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အရင်း​မ​ဟုတ်။ တရားမဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။ ထို့ပြင် ငါ​တို့​တွင် ဆုံးမ​ပဲ့ပြင်​ပေး​သော​လူသား​ဖခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရိုသေ​လေးစား​ကြ​သည်​ဆိုလျှင် ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​ကို ပို၍​ပင် နာခံ​ရ​မည်​မ​ဟုတ်​လော။ ထိုအခါ ငါ​တို့​သည် အသက်​ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား လူသား​ဖခင်​တို့​သည် ကောင်း​သည်​ဟု မိမိ​တို့​ထင်မြင်​သည့်​အတိုင်း ခဏ​သာ​ဆုံးမ​ပဲ့ပြင်​တတ်​ကြ​၏။ ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​မူကား သူ​၏​သန့်ရှင်း​ခြင်း​၌ ငါ​တို့​ပါဝင်​ခံစား​ရ​မည့်​အကြောင်း ငါ​တို့​အကျိုး​ကို​ထောက်၍ ဆုံးမ​ပဲ့ပြင်​တော်မူ​၏။ ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။

​ဟေဗြဲဩဝါဒစာ 12:6-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။