YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:18-29

ဟေဗြဲ 12:18-29 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊- တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သော်​လည်း ထို​တောင်​ကို ထိ​မိ​လျှင်၊ ကျောက်​ခဲ​နှင့် ပစ်၍ သေ​စေ​ဟု ပ​ညတ်​တော်​မူ​သံ​ကို လူ​တို့​သည် နား​မ​ခံ​နိုင်​ကြ။- ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။- သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊- ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊- ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။ သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။- အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။- တစ်​ဖန် ဟူ​သော​စ​ကား၏​အ​ဓိ​ပ္ပာယ်​ကား၊ မ​လှုပ်​သော​အ​ရာ​တို့​ကို တည်​စေ​ခြင်း​ငှာ၊ လှုပ်​သော​အ​ရာ​တို့​ကို လော​ကီ​အ​ရာ​ကဲ့​သို့ ပယ်​ဖျက်​လိမ့်​မည်​ဟု ဆို​လို​သ​တည်း။- ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။- ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

ဟေဗြဲ 12:18-29 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်``တိရစ္ဆာန် ပင်​ဖြစ်​စေ​ကာ​မူ​ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​၍​သတ်​ရ​မည်'' ဟူ​သော​အ​မိန့် တော်​ကို​မ​ခံ​ယူ​ဝံ့​သော​ကြောင့်​ဖြစ်​၏။- ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။ သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။- သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။- သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။ ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။- ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။- ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။ ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

ဟေဗြဲ 12:18-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် တို့ထိ​စမ်းသပ်​နိုင်​သော​တောင်​တည်းဟူသော မီး​တောက်လောင်​ခြင်း၊ မှုန်မှိုင်း​ခြင်း၊ မှောင်မည်း​ခြင်း၊ မိုးသက်မုန်တိုင်း၊ တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။ အကြောင်းမူကား “တိရစ္ဆာန်​ပင် ထို​တောင်​ကို​ထိမိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်”​ဟူသော​အမိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။ ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏”​ဟု ဆို​လေ​၏။ သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊ ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊ ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။ သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။ ထိုစဉ်က ကိုယ်တော်​၏​အသံ​တော်​သည် မြေကြီး​ကို​တုန်လှုပ်​စေ​၏။ ယခု​မူကား ကိုယ်တော်​က “ငါ​သည် နောက်တစ်ဖန် မြေကြီး​ကို​သာမက​ဘဲ ကောင်းကင်​ကို​ပါ တုန်လှုပ်​စေ​မည်”​ဟု ကတိ​ထား​တော်မူ​၏။ “နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။ ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။ အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင်​သည် လောင်ကျွမ်း​သော​မီး​ဖြစ်​တော်မူ​၏။