YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:1-4

ဟေဗြဲ 12:1-4 Judson Bible (JBMLE)

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။- ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။- အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။ သင်​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ဆိုင်​ပြိုင်​တိုက်​လှန်၍ ကိုယ်​အ​သွေး ထွက်​သည်​တိုင်​အောင် မ​ခံ​ရ​ကြ​သေး။

ဟေဗြဲ 12:1-4 Common Language Bible (BCL)

ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။- ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။ အ​ပြစ်​သား​တို့​၏​ပြင်း​ထန်​စွာ​မုန်း​တီး​ခြင်း ကို​ကိုယ်​တော်​အ​ဘယ်​မျှ​ခံ​တော်​မူ​ကြောင်း သင်​တို့​ထောက်​ရှု​ဆင်​ခြင်​လျက်​စိတ်​ပျက် အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။- သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။

ဟေဗြဲ 12:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဤမျှလောက်​များပြား​သော​သက်သေ​တို့​သည် ငါ​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အလွယ်တကူ​ငြိတွယ်​တတ်​သည့်​သဘော​ရှိ​သော အပြစ်​ရှိသမျှ​တို့​ကို ဖယ်ရှား​လျက် ငါ​တို့​ရှေ့၌​ပြင်ဆင်​ထား​သော​ပြေးပွဲ​ကို ဇွဲ​လုံ့လ​ဖြင့်​ပြေး​ကြ​ကုန်စို့။ ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။ သင်​တို့​သည် အပြစ်​နှင့်​တိုက်ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်အောင် ခုခံ​တွန်းလှန်​ခြင်း​ကို​မ​ပြု​ကြ​ရ​သေး။