YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 12:1-4

ဟေဗြဲဩဝါဒစာ 12:1-4 MSBU

ထို့ကြောင့် ဤမျှလောက်​များပြား​သော​သက်သေ​တို့​သည် ငါ​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အလွယ်တကူ​ငြိတွယ်​တတ်​သည့်​သဘော​ရှိ​သော အပြစ်​ရှိသမျှ​တို့​ကို ဖယ်ရှား​လျက် ငါ​တို့​ရှေ့၌​ပြင်ဆင်​ထား​သော​ပြေးပွဲ​ကို ဇွဲ​လုံ့လ​ဖြင့်​ပြေး​ကြ​ကုန်စို့။ ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။ သင်​တို့​သည် အပြစ်​နှင့်​တိုက်ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်အောင် ခုခံ​တွန်းလှန်​ခြင်း​ကို​မ​ပြု​ကြ​ရ​သေး။