YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:17-40

ဟေဗြဲ 11:17-40 Judson Bible (JBMLE)

အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။- ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​မှ​စ၍ က​တိ​တော်​များ​ကို ခံ​ရ​သော​သူ​သည်၊ မိ​မိ၌ တစ်​ယောက်​တည်း​သော ထို​သား​ကို ပူ​ဇော်၏။- ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။- ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။- ယာ​ကုပ်​သည်​လည်း၊ သေ​ချိန်​နီး​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်၏ သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး၍၊ တောင်​ဝှေး​ထိပ်​အ​ပေါ်​မှာ ကိုး​ကွယ်​လေ၏။- ယော​သပ်​သည် သေ​ဆဲ​ရှိ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ထွက်​မြောက်​ခြင်း​အ​ရာ​ကို ပြ၍၊ မိ​မိ​အ​ရိုး​တို့၏ အ​ကြောင်း​ကို မှာ​ထား​လေ၏။ မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။- မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။- ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။- သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။- ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။- ယေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​ပတ်​လုံး​ဝိုင်း၍ လှည့်​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မြို့​ရိုး​သည် ပြို​လဲ၏။- ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။- ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ခြား​သော​တိုင်း​နိုင်​ငံ​ကို အောင်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ က​တိ​တော်​ကို ဝင်​စား​ခြင်း၊ ခြင်္သေ့​နှုတ်​ကို ပိတ်​ခြင်း၊- မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။- မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။- အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။- ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။- ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​မွမ်း​ခြင်း​သို့ ရောက်​သော်​လည်း၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ကြ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့ မ​ရောက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​ဖို့ အ​လို​ငှာ သာ၍​မြတ်​သော ကျေး​ဇူး​ကို ကြံ​စည်​တော်​မူ၏။

ဟေဗြဲ 11:17-40 Common Language Bible (BCL)

အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။- ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။ ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။ ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။ ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။ မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။ မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။- သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။- မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။ မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။- ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။ ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။- ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။- ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။- အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။- အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။- ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကြောင့်​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ကို​မ​ခံ​စား​ကြ​ရ။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက်​ပို​မို​ကောင်း​မြတ်​သည့်​အ​ကြံ အ​စည်​တော်​ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ယင်း​အ​ကြံ​အ​စည်​တော်​မှာ​ထို​သူ​တို့​သည် ငါ​တို့​ပါ​ရှိ​မှ​သာ​လျှင်​ပြည့်​ဝ​စုံ​လင်​သူ များ​ဖြစ်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။

ဟေဗြဲ 11:17-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။ ထို​သား​နှင့်​ပတ်သက်၍ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မြွက်ဆို​ထား​၏။ ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​သည် နောင်​ဖြစ်​မည့်​အရာ​များ​နှင့်​ပတ်သက်၍ ယာကုပ်​နှင့်​ဧသော​တို့​ကို ကောင်းချီး​ပေး​၏။ ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။ ယောသပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် အစ္စရေး​အမျိုးသား​တို့​၏​ထွက်မြောက်​ခြင်း​အကြောင်း​ကို ပြောပြ​လျက် မိမိ​၏​အရိုး​များ​နှင့်​ပတ်သက်၍ မှာကြား​ခဲ့​၏။ မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။ မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍ အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။ သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။ သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။ သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။ ယုံကြည်​ခြင်း​အားဖြင့် ဂျေရိခေါ​မြို့​ကို ခုနစ်​ရက်​တိုင်တိုင် ဝိုင်းရံ​လှည့်ပတ်​ကြ​ရာ မြို့ရိုး​သည်​ပြိုကျ​လေ​၏။ ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။ ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။ ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊ မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။ မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။ အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။ သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်းဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံရ​ကြ​၍ ဆင်းရဲ​နွမ်းပါး​လျက်​၊ နှိပ်စက်​ခြင်း၊ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​တို့​ကို​ခံရ​လျက်​၊ သိုး​သားရေ၊ ဆိတ်​သားရေ​တို့​ကို​ဝတ်​လျက် လှည့်လှည်​ကြ​ရ​၏။ ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။ ဤ​သူ​အပေါင်း​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ချီးကျူး​ခံရ​ကြ​သော်လည်း ကတိ​ပေး​တော်မူ​သော​အရာ​ကို မ​ရရှိ​ခဲ့​ကြ​ချေ။ ဘုရားသခင်​သည် ငါ​တို့​အတွက် သာ၍​မြတ်​သော​အရာ​ကို ကြိုတင်​ပြင်ဆင်​ပေး​တော်မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံလင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။