YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ဗြဲ 11:17-40

ဟေ​ဗြဲ 11:17-40 BCL

အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။- ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။ ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။ ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။ ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။ မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။ မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။- သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။- မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။ မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။- ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။ ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။- ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။- ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။- အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။- အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။- ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကြောင့်​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ကို​မ​ခံ​စား​ကြ​ရ။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက်​ပို​မို​ကောင်း​မြတ်​သည့်​အ​ကြံ အ​စည်​တော်​ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ယင်း​အ​ကြံ​အ​စည်​တော်​မှာ​ထို​သူ​တို့​သည် ငါ​တို့​ပါ​ရှိ​မှ​သာ​လျှင်​ပြည့်​ဝ​စုံ​လင်​သူ များ​ဖြစ်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။

​ဟေ​ဗြဲ 11:17-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။