YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:1-13

ဟေဗြဲ 11:1-13 Judson Bible (JBMLE)

ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။- ထို​ပါ​ရ​မီ​ကြောင့်၊ ရှေး​လူ​ဟောင်း​တို့​သည် ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။- ယ​ခု​မြင်​ရ​သော​အ​ရာ​တို့​သည်၊ အ​ရင်​ထင်​ရှား​သော အ​ရာ​ထဲ​က မ​ဖြစ်​ဘဲ၊ လော​က​ဓာတ်​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကြောင့်​သာ တည်​သည်​ကို ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သိ​ကြ၏။- အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။- ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။- ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။- နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။ အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။- သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် တည်​ထောင်​ပြု​စု​တော်​မူ​သော၊ ခိုင်​ခံ့​မြဲ​မြံ​သော​မြို့​ကို မျှော်​လ​င့်​သ​တည်း။- သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။- သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။

ဟေဗြဲ 11:1-13 Common Language Bible (BCL)

ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။- ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။ မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။ ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။- ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။ ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။ အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။- ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။ အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။- အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။ ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။

ဟေဗြဲ 11:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။ ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။ ဤ​လောကဓာတ်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ယခု​မြင်​ရ​သော​အရာ​သည် ထင်ရှား​လျက်​ရှိ​သော​အရာ​များ​မှ​ဖြစ်လာ​သည်​မ​ဟုတ်​ကြောင်း ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​သိ​ရ​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။ ယုံကြည်​ခြင်း​အားဖြင့် ဧနောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ဘဝ​ပြောင်း​ခွင့်​ရ​၏။ ဘုရားသခင်​သည် သူ့​အား​ဘဝ​ပြောင်း​စေ​တော်မူ​သောကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့ချေ။ သူ​သည် ဘဝ​မ​ပြောင်း​မီ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အသိအမှတ်​ပြု​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။ နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။ အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။ သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။ ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။ ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။