YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 8:21-22

ကမ္ဘာဦး 8:21-22 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

ကမ္ဘာဦး 8:21-22 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။- ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။

ကမ္ဘာဦး 8:21-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။ မြေကြီး​တည်နေသရွေ့ မျိုးကြဲ​ချိန်​နှင့်​ရိတ်သိမ်း​ချိန်​၊ ပူ​သော​အချိန်​နှင့်​အေး​သော​အချိန်​၊ နွေရာသီ​နှင့်​ဆောင်းရာသီ​၊ နေ့အချိန်​နှင့်​ညအချိန်​တို့​သည် မပြတ်မစဲ​ရှိ​နေ​မည်​”​ဟု စိတ်​တော်​ထဲ၌ မြွက်ဆို​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။