YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 7:1-24

ကမ္ဘာဦး 7:1-24 Judson Bible (JBMLE)

ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊ မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ​၏။ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​သော​အ​ခါ၊ နော​ဧ​သည် အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။ ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ကြောင့်၊ နော​ဧ​သည် မိ​မိ သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်၍၊ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ ငှက်​များ​နှင့် မြေ​ပေါ်​မှာ​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။ ခု​နစ်​ရက်​စေ့​သော​အ​ခါ၊ လွှမ်း​မိုး​အပ်​သော​ရေ​သည် မြေ​ပေါ်၌​ပေါ်​လာ၏။ နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။ ထို​နေ့​ရက်​တွင်၊ နော​ဧ​နှ​င့် မိ​မိ​မ​ယား​မှ​စ၍ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော နော​ဧ​သား​သုံး​ယောက်၊ ချွေး​မ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။ သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ​လေ​၏။ ထို​သို့​နော​ဧ​ကို ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဝင်​သော​တိ​ရ​စ္ဆာန်​တို့​သည်၊ ခပ်​သိမ်း​သော​တိ​ရ​စ္ဆာန်​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​စုံ​လျက်​ဝင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ နော​ဧ​ကို အ​ထဲ​မှာ​ပိတ်​ထား​တော်​မူ၏။ ရေ​လွှမ်း​မိုး​ခြင်း​သည်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ အ​စဉ်​အ​တိုင်း​တိုး​တက်၍၊ သင်္ဘော​ကို မြေ​မှ​ခွာ​လျက် ဆောင်​ယူ​လေ၏။ တစ်​ဖန်​ရေ​သည်​အား​ကြီး၍၊ မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​တက်​သ​ဖြင့်၊ သင်္ဘော​သည် ရေ​မျက်​နှာ​ပေါ်၌ မျော​လျက်​နေ​လေ၏။ နောက်​တစ်​ဖန်​ရေ​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​အား​ကြီး​သ​ဖြင့်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​တောင်​ကြီး​အ​ပေါင်း​တို့​သည် မြုပ်​ကြ၏။ ရေ​မြုပ်​သော​တောင်​တို့​အ​ထက်၌ လွှမ်း​တက်​သော​ရေ​သည် ဆယ်​ငါး​တောင်​ရှိ​သ​တည်း။ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့် လူ​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်၏။ အ​သက်​ရှူ​လျက် ကုန်း​ပေါ်​မှာ​ရှိ​လေ​သ​မျှ​တို့​သည် သေ​ကြ​ကုန်​၏။ မြေ​မျက်​နှာ​ပေါ်၌ ရှိ​သော​လူ​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ တွား​တတ်​သော​အ​ရာ​ဖြစ်​စေ၊ မိုး​ကောင်း​ကင်​ငှက်​ဖြစ်​စေ၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​ရှိ​သ​မျှ​တို့​ကို မြေ​ကြီး​ပေါ်​က​ပယ်​ရှင်း​တော်​မူ၍၊ ပျက်​စီး​ကွယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​ကုန်၏။ နော​ဧ​မှ​စ၍ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကျန်​ကြွင်း​ကြ​လေ၏။ ရေ​သည်​လည်း မြေ​ကြီး​ပေါ်​မှာ၊ ရက်​ပေါင်း တစ်​ရာ​ငါး​ဆယ်​ပတ်​လုံး အား​ကြီး​စွာ​တည်​လေ၏။

ကမ္ဘာဦး 7:1-24 Common Language Bible (BCL)

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​နော​ဧ​အား``သင် နှင့်​တ​ကွ သင်​၏​မိ​သား​စု​အား​လုံး​တို့​သင်္ဘော​ထဲ သို့​ဝင်​ကြ​စေ။ ကမ္ဘာ​ပေါ်​တွင်​သင်​တစ်​ယောက်​တည်း သာ သူ​တော်​ကောင်း​ဖြစ်​ကြောင်း​ငါ​တွေ့​မြင်​ရ​၏။- သင်​နှင့်​အ​တူ​သန့်​စင်​သော​တိရစ္ဆာန်​များ​မှ​တစ် မျိုး​လျှင် ခု​နစ်​စုံ​စီ​ကို​ခေါ်​ဆောင်​လော့။ မ​သန့်​စင် သော​တိရစ္ဆာန်​များ​မှ တစ်​မျိုး​လျှင်​အ​ထီး​နှင့် အ​မ​တစ်​စုံ​စီ​ကို​သာ​ခေါ်​ဆောင်​ရ​မည်။- ငှက်​တစ်​မျိုး​လျှင်​ခုနစ်​စုံ​စီ​ကို​လည်း​ခေါ်​ဆောင် လော့။ တိ​ရစ္ဆာန်​နှင့်​ငှက်​များ​မြေ​ကြီး​ပေါ်​တွင် အ​သက်​ရှင်​၍​မျိုး​ပွား​နိုင်​စေ​ရန်​ဤ​သို့​ပြု လုပ်​လော့။- ခု​နစ်​ရက်​ကြာ​လျှင်​ဖန်​ဆင်း​ခဲ့​သ​မျှ​သော သတ္တ​ဝါ​များ​ကို​သေ​ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ကို​ငါ​ရွာ​စေ​မည်'' ဟု မိန့်​တော်​မူ​၏။- နော​ဧ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​လေ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​ရေ​လွှမ်း​မိုး​သော​အ​ခါ နော​ဧ​သည်​အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။- နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။- ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။- ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။ နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊- ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။- ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။- တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။- ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သက် ရှိ​သတ္တ​ဝါ​တစ်​မျိုး​စီ​မှ​အ​ဖို​နှင့်​အ​မ​အ​စုံ တို့​သည် နော​ဧ​နှင့်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။ နော​ဧ သင်္ဘော​ထဲ​သို့​ဝင်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​ပိတ်​တော်​မူ​၏။ အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။- ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။- ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။- ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။- ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​လူ၊ တိရစ္ဆာန်၊ ငှက် စ​သော​သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့​သည်​သေ ကြေ​ပျက်​စီး​ကြ​ကုန်​၏။- သို့​ဖြစ်​၍​အ​သက်​ရှင်​သ​မျှ​သော​သတ္တဝါ​တို့ သေ​ကြေ​ကြ​ကုန်​၏။- ထာ​ဝ​ရ​ဘု​ရား​သည် လူ၊ တိ​ရစ္ဆာန်၊ ငှက်​စ​သော သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက် ဆီး​တော်​မူ​၏။ သင်္ဘော​ပေါ်​၌​နော​ဧ​နှင့်​အ​တူ ရှိ​သ​မျှ​တို့​သာ​လျှင်​အ​သက်​ချမ်း​သာ​ရာ ရ​ကြ​၏။- မြေ​ပြင်​ပေါ်​တွင် ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ် ပတ်​လုံး​ရေ​လွှမ်း​လျက်​ရှိ​နေ​၏။

ကမ္ဘာဦး 7:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က နောဧ​အား “​ဤ​မျိုးဆက်​တွင် သင်​သည် ငါ့​ရှေ့​၌​ဖြောင့်မတ်​ကြောင်း ငါ​တွေ့မြင်​ရ​သည်​ဖြစ်၍ သင်​နှင့်တကွ သင့်​မိသားစု​တစ်စုလုံး သင်္ဘော​ထဲသို့​ဝင်​ကြ​လော့​။ မြေ​တစ်ပြင်လုံး​တွင် မျိုးဆက်​မ​ပြတ်​စေရန် စင်ကြယ်​သော​တိရစ္ဆာန်​ရှိသမျှ​ထဲမှ အထီး​အမ ခုနစ်စုံစီ​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​ထဲမှ အထီး​အမ တစ်စုံစီ​၊ မိုးကောင်းကင်​ငှက်​များ​ထဲမှ​လည်း အထီး​အမ ခုနစ်စုံစီ​တို့​ကို သင်​နှင့်အတူ သိမ်းယူ​ထား​ရ​မည်​။ အကြောင်းမူကား နောက်​ခုနစ်​ရက်​ပြည့်​လျှင် ငါ​သည် အရက်​လေးဆယ်​ပတ်လုံး မြေကြီး​ပေါ်တွင်​မိုးရွာ​စေ​၍ ငါ​ဖန်ဆင်း​သော​သတ္တဝါ​အပေါင်း​တို့​ကို မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​”​ဟု မိန့်​တော်မူ​၏​။ နောဧ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။ မြေကြီး​ပေါ်မှာ ရေ​လွှမ်းမိုးမှု​ဖြစ်​သောအခါ နောဧ​သည် အသက်​ခြောက်​ရာ​ရှိ​၏​။ ရေ​လွှမ်းမိုးမှု​ကြောင့် နောဧ​သည် သူ​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။ နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း စင်ကြယ်​သော​တိရစ္ဆာန်​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​၊ ငှက်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​၊ အမ​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။ ခုနစ်​ရက်​ပြည့်​သောအခါ မြေကြီး​ပေါ်မှာ ရေ​လွှမ်းမိုးမှု​ဖြစ်ပေါ်​လေ​၏​။ နောဧ​အသက်​ခြောက်​ရာ​ပြည့်​သော​နှစ်​၊ ဒုတိယ​လ​၊ တစ်ဆယ့်​ခုနစ်​ရက်​နေ့​၊ ထို​နေ့​၌ ကြီးမား​နက်ရှိုင်း​ရာ​အရပ်​မှ ရေထွက်ပေါက်​ရှိသမျှ​တို့​ကို ဖွင့်ချ​၍ မိုးကောင်းကင်​ရေတံခါး​များ​ကို ဖွင့်​တော်မူ​သဖြင့် အရက်​လေးဆယ်​ပတ်လုံး မြေကြီး​ပေါ်မှာ မိုး​ရွာ​လေ​၏​။ ထို​နေ့​၌​ပင် နောဧ​နှင့် နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​မှစ၍ နောဧ​၏​မယား​နှင့် ချွေးမ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ကြက်ငှက်​အမျိုးမျိုး​၊ တောင်ပံ​ရှိ​သော​သတ္တဝါ​အမျိုးမျိုး​နှင့် ငှက်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက် သူ​တို့​နှင့်အတူ​ဝင်​ကြ​၏​။ ဤသို့ဖြင့် သက်ရှိ​သတ္တဝါ​အပေါင်း​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ​သင်္ဘော​ထဲသို့ ဝင်​ကြ​၏​။ ထိုသို့ ဝင်​ကြ​သော​သတ္တဝါ​တို့​မှာ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​၊ အမ​ဖြစ်​ကြ​ပြီး နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ဝင်​ကြ​၏​။ ထို့နောက် ထာဝရဘုရား​သည် နောဧ​ကို အထဲ​မှာ​ပိတ်​ထား​တော်မူ​၏​။ ရေလွှမ်းမိုးမှု​သည် မြေကြီး​ပေါ်မှာ အရက်​လေးဆယ်​ပတ်လုံး​ဖြစ်ပွား​၏​။ ရေ​သည် တိုးလာ​၍ သင်္ဘော​ကို​ပင့်မ​သဖြင့် သင်္ဘော​သည် မြေကြီး​ပေါ်​မှ​ကွာမြောက်​လေ​၏​။ ရေ​သည်​မြင့်တက်​လာ​၍ မြေကြီး​ပေါ်မှာ အလွန်​တိုးလာ​သဖြင့် သင်္ဘော​သည် ရေ​မျက်နှာပြင်​ပေါ်၌ မျော​လျက်​နေ​လေ​၏​။ ရေ​သည် မြေကြီး​ပေါ်မှာ အလွန်တရာ​မြင့်တက်​လာ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ မြင့်မား​သည့်​တောင်​ရှိသမျှ​တို့​ကို ဖုံးလွှမ်း​လေ​၏​။ ရေ​သည် ထို​တောင်​များ​အထက် တစ်ဆယ့်​ငါး​တောင်​မြင့်တက်​၍ ၎င်း​တို့​ကို​ဖုံးလွှမ်း​၏​။ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​တည်းဟူသော ငှက်​၊ ယဉ်ပါးသောတိရစ္ဆာန်​၊ တောရိုင်းတိရစ္ဆာန်​၊ မြေကြီး​ပေါ်မှာ အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သတ္တဝါ​ရှိသမျှ​တို့​နှင့် လူ​အပေါင်း​တို့​သည် သေ​ကြ​ကုန်​၏​။ နှာခေါင်း​ဖြင့်​အသက်ရှူ​တတ်​သည့်​သက်ရှိသတ္တဝါ​တည်းဟူသော ကုန်း​ပေါ်မှာ​ရှိလေသမျှ​သတ္တဝါ​တို့​သည် သေ​ကြ​ကုန်​၏​။ ဘုရားသခင်​သည် လူ​မှစ၍ ယဉ်ပါးသောတိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​အပါအဝင် မြေပြင်​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် ၎င်း​တို့​သည် မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​လေ​၏​။ နောဧ​မှစ၍ သူ​နှင့်အတူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကြွင်းကျန်​ကြ​လေ​၏​။ ရေ​သည် မြေကြီး​ပေါ်မှာ ရက်​ပေါင်း​တစ်ရာ့​ငါးဆယ်​ပတ်လုံး လွှမ်းမိုး​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။