YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:13-21

ကမ္ဘာဦး 49:13-21 Judson Bible (JBMLE)

ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။ ဣ​သ​ခါ​သည်​တောင်​ကြား​မှာ​ဝပ်​လျက် အား​ကြီး​သော​မြည်း​ဖြစ်​၏။ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကောင်း၍ မြေ​သာ​ယာ​သည်​ကို​မြင်​သ​ဖြင့်၊ မိ​မိ​ပ​ခုံး​ပေါ်​မှာ ထမ်း​ပိုး​ကို​တင်​ထမ်း၍၊ အ​ခွန်​ပေး​သော​ကျွန်​ဖြစ်​လေ​၏။ ဒန်​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​စုံ​တစ်​ပါး​ကဲ့​သို့၊ မိ​မိ​လူ​တို့​ကို​စီ​ရင်​လိမ့်​မည်။ ဒန်​သည် လမ်း​၌​နေ​သော​မြွေ​ဖြစ်​လိမ့်​မည်။ မြင်း​စီး​သော​သူ​ကို နောက်​သို့ လဲ​စေ​ခြင်း​ငှာ လမ်း​ကြား​မှာ​နေ၍၊ မြင်း​ခြေ​ကို​ကိုက်​တတ်​သော မြွေ​ဆိုး​ဖြစ်​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။ ဂဒ်​မူ​ကား၊ စစ်​သူ​ရဲ​တို့​သည် သူ့​ကို​တိုက်​ကြ၍၊ သူ​သည် ပြန်​တိုက်​လိမ့်​မည်။ အာ​ရှာ၌​ဖြစ်​သော​အ​စာ​သည် အ​ရ​သာ​နှင့်​ပြည့်​စုံ​၍၊ မင်း၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ထုတ်​ပေး​လိမ့်​မည်။ နဿ​လိ​သည်​လှ​သော​အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍၊ ကျယ်​ဝန်း​သော သ​ပိတ်​ပင်​ဖြစ်၏။

ကမ္ဘာဦး 49:13-21 Common Language Bible (BCL)

ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍ သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။ သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။ ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။ သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။ ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍ မြင်း​၏​ဖ​နောင့်​ကို​ကိုက်​သ​ဖြင့်​မြင်း​စီး​သူ ကို နောက်​ပြန်​လိမ့်​ကျ​စေ​လိမ့်​မည်။ ``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။ ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​ကို​တိုက်​ခိုက်​သူ​တို့ အား ပြန်​၍​လိုက်​လံ​တိုက်​ခိုက်​လိမ့်​မည်။ အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။ သူ့​ထံ​မှ​ဘု​ရင်​ပွဲ​တော်​နှင့်​ထိုက်​သော အ​စား​အ​စာ​ကို​ရ​ရှိ​လိမ့်​မည်။ န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။

ကမ္ဘာဦး 49:13-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဇာဗုလုန်​သည် ပင်လယ်​ကမ်းခြေ​၌​နေထိုင်​၍ သူ​သည် သင်္ဘောဆိပ်​ဖြစ်​လိမ့်မည်​။ သူ​၏​နယ်​သည် ဆီဒုန်​မြို့​တိုင်အောင်​ရောက်​လိမ့်မည်​။ ဣသခါ​သည် သိုးခြံ​များ​ကြား​၌​ဝပ်​နေ​သော သန်မာ​သည့်​မြည်း​ဖြစ်​၏​။ နားနေ​ရာ​အရပ်​သည် အလွန်​ကောင်း​ပြီး ပြည်​သည် အလွန်​သာယာ​သည်​ကို သူ​မြင်​၏​။ ထို့ကြောင့် ဝန်​ကို​ထမ်း​ရန်​မိမိ​ပခုံး​ကို​ညွှတ်​၍ သူ​သည် အခွန်​ဆက်​သော​ကျွန်​ဖြစ်လာ​၏​။ ဒန်​သည် အစ္စရေး​မျိုးနွယ်​တစ်​နွယ်​အဖြစ် မိမိ​လူမျိုး​ကို​စစ်ကြောစီရင်​လိမ့်မည်​။ ဒန်​သည် လမ်း​ပေါ်​က​မြွေ​၊ လမ်း​ဘေးက​မြွေပွေး​ဖြစ်​လိမ့်မည်​။ သူ​သည် မြင်း​၏​ဖနောင့်​ကို​ပေါက်​သဖြင့် မြင်း​စီး​သော​သူ​သည် နောက်ပြန်​ပြုတ်ကျ​လိမ့်မည်​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​ပါ​၏​။ ဂဒ်​မူကား စစ်သူရဲ​တို့​သည် သူ့​ကို​ဖိနှိပ်တိုက်ခိုက်​လာ​သော်လည်း သူ​သည် သူ​တို့​၏​ဖနောင့်​ကို ပြန်​၍​ဖိနှိပ်တိုက်ခိုက်​လိမ့်မည်​။ အာရှာ​၏​အစားအစာ​သည် အဆီအဆိမ့်​နှင့်​ပြည့်ဝ​၍ ရှင်ဘုရင်​အတွက်​စားကောင်းသောက်ဖွယ်​တို့​ကို ထုတ်လုပ်​ပေး​လိမ့်မည်​။ နဿလိ​သည် ချစ်ဖွယ်​သော​သမင်ပေါက်​များ​ကို​ပေါက်ဖွား​သည့် အချုပ်အနှောင်ကင်း​သော​သမင်မ​ဖြစ်​၏​။